Connect with us

Hi, what are you looking for?

သတင်း

ရှမ်း – ကရင်နီပြည်နယ်စပ်တွင် တိုက်ပွဲပြင်းထန်နေ

ရှမ်း – ကရင်နီပြည်နယ်စပ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ နေ့စဥ်ပြုလုပ်ပေးနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်တို့တွင် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - ကိုပြည့်

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်စပ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ နေ့စဥ်ပြုလုပ်ပေးနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းထားသော စစ်ကြောင်းသုံးခုသည် စက်တင်ဘာ ဒုတိယပတ်ကစ၍ ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ဘက်သို့စစ်ကြောင်း ထိုးနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီး နေ့စဥ်နီးပါး ထိတွေ့မှုရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ပင်လောင်းရဲ့ တောင်ဘက်၊ဖယ်ခုံရဲ့ အနောက်ဘက်ခြမ်း မိုင်းဖြတ်၊ ဆောင်လန် နဲ့ နောင်ဝှိး ရွာတွေမှာ တိုက်ပွဲ ဖြစ်နေတယ်။အခုရက်ပိုင်း စကစဘက်က လေယာဥ်ပစ်ကူယူပြီးမှ စစ်ဆက်ထိုးတာပေါ့။နောက် ပြီး အရှေ့ကနေ ကျားထိုးတက်ခိုင်းတဲ့ PNOတွေ သေတာတွေများတာလည်းပါတယ်”ဟု ဖယ်ခုံမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပင်လောင်းမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ခုခံစစ်လုပ်နေရကြောင်းလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်ဘီးထူးက မကြာသေးမီရက်ပိုင်း၌ ပြုလုပ်ခဲ့သော တပ်ရင်း(၉)၏ ဒရုန်း ကမ်ပိန်းအစီအစဥ်တွင် အသိပေးထားသည်။

“ဖယ်ခုံက စစ်​ရေးအရရော၊လမ်းပိုင်းဆိုင်ရာ ဆက်သွယ်ရေးအရပါ ကရင်နီတပ်ပေါင်းစု အတွက် အရေးကြီးသလို စကစဘက်ကလည်း နေပြည်တော် ထိမခြိမ်းခြောက်နိုင်အောင် တံခါးပေါက်အစကိုပိတ်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ ပြောရင်မမှားဘူး။သိရသလောက်သတင်းတွေအရ အရေးသာဖို့ ကိုယ်စီကြိုးစားနေကြတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပင်လောင်းမြို့နယ်အစပ်တိုက်ပွဲအတွင်း ပအိုဝ်းပြည်သူ့စစ် PNO ၏ ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသည့် ပအိုဝ်းလူငယ်များသေဆုံးနေရကြောင်းလည်း ပအိုဝ်းသတင်းရင်း မြစ်က ဆိုသည်။

“လက်နက်ကောင်း မတပ်ဆင်နိုင်ပဲနဲ့ ရှေ့တန်းတက်ခိုင်းတယ်။စကစ ပေးတဲ့လက်နက်က မကောင်းမှန်းသိသိကြီးနဲ့ လူငယ်ကို ရှေ့တန်းထွက်ခိုင်းတယ်။ လူအင်အားများပေမယ့် ကိုယ့်ဘက်အကျနည်းဖို့က အဓိကလေ။အခုဟာက ပစ်မရတဲ့ သေနတ်ပေး၊ နောက်​က လက်နက်ကြီးပစ်ကူရုံလောက်နဲ့ မရဘူးလေ။ရှေ့တန်းက လူငယ်တွေ ဘာကျည်ကာမှမပါဘူး။ကျသွားတဲ့ လူငယ်တွေ မနည်းဘူး။သေသွားတဲ့ လူငယ်ပြန်ရှင်အောင် လုပ်မရတော့ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ကြားတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး မြေပြင်တိုက်ပွဲအခြေအနေကိုမူ သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook