Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ လားရှိုးမြို့ကို ထပ်မံဗုံးကြဲ

တရုတ် နှင့် MNDAA ​တွေ့​ဆုံစဥ်​​ ​ရော ၊​တွေ့ပြီး​နောက်ပိုင်းတွင်ပါ ဗုံးဆက်ကြဲ​နေခြင်းဖြစ်

လားရှိုးမြို့ မယ်ဟန်ကျးရွာအုပ်စု ခိုဆန်တန် ကျေးရွာရှိ ရိုရာ ဆန်အရက်ချက်စက်ရုံအား အောက်တိုဘာ ၂၃ရက်က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA

ဟန်နွေ၊လူအေး/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီကယနေ့ (အောက်တိုဘာ ၂၅ရက်)နေ့လည်၁နာရီကျော်တွင် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်နှင့် လားရှိုးမြို့ခံက ပြောသည်။

“ဖုန်တာရွှင်ကတရုတ် နဲ့ အောက်တိုဘာ၂၃ရက်ဝန်းကျင်က တွေ့ခဲ့တာ။ အဲဒီအချိန်မှာလည်း လားရှိုးကို ဗုံးတွေကြဲနေတာ။ တစ်နည်းအားဖြင့် တရုတ်က တောင်းဆိုတာကိုလိုက်ရောဖို့ စစ်ရေးနဲ့ ဖိအားပေးတာ။ အခုက ဆွေးနွေးတာအဆင်မပြေဘူးထင်တယ်။ ထပ်ကြဲနေတယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ၂၅ရက်)နေ့လယ် ၁နာရီ ၁၃ မိနစ်မှ ၁နာရီ ၄၅ မိနစ်အတွင်း လားရှိုးမြို့ပေါ်တစ်နေရာနှင့် မယ်ဟန်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ မွန်းလွဲပိုင်း ၁နာရီ ၁၂မိနစ် ဝန်းကျင်မှာ လားရှိုးမြို့ထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ ကနဦး သတင်းရရှိထားပါတယ်။ နေရာ အသေးစိတ် အခြေအနေတော့ မသိရသေးပါဘူး။ တချို့ကျတော့ မယ် ဟန်ဘက်လို့ပြောကြတယ်”ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ဩဂုတ် ၃၀ရက်မှစ၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်နှင့် မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် ၂၅ ကြိမ်ထက် မနည်းပြုလုပ်ခဲ့ရာ ယနေ့ နေ့လည် ၁နာရီကျော်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ဗုံးကြဲတိုက်ခိုက်မှု ၄ကြိမ်ထက်မနည်းရှိပြီဟု ဒေသခံက ပြောသည်။

“ဆက်တိုက်ကို ကြဲနေပါတယ်။ အခုကို လေးကြိမ်ရှိပြီရှင့်။ နောက်တစ်စီးထပ်လာနေလို့ ဗုံးကျင်းထဲပြေးအုံးမယ်နော်”ဟု လားရှိုးဒေသခံ မနော်ဖောက ပြောသည်။

ယနေ့ မွန်းလွဲ ၁နာရီ ၄၅တွင် ၅ကြိမ်မြောက် လေကြောင်း တိုက်ခိုက်လာကြောင်း မနော်ဖောက ပြောသည်။ လေကြောင်း တိုက်ခိုက်နေဆဲဖြစ်၍ တိုက်ခိုက်ရာ နေရာနှင့် ထိခိုက်မှု အခြေအနေများ မသိရသေးဟု ၎င်းက ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)အနေဖြင့် လားရှိုး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို အသိပေးရာ လူထုထိခိုက်သေဆုံး အရေအတွက် အတိအကျ မထုတ်ပြန်သေးပေ။

ဩဂုတ် ၃၀ရက်နောက်ပိုင်း လားရှိုးမြို့အား စစ်ကောင်စီက အကြိမ်ကြိမ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၁၈ဦးထက်မနည်းရှိနိုင်ပြီး ၅၀ဦးကျော် ဒဏ်ရာရရှိထားသည်ဟု ၎င်းစာရင်း ပြုစုထားသည့် အခြေအနေကို ဦးဇော်ဆန်က ပြောပြသည်။

စစ်ကောင်စီက တစ်ဖက်တွင် လေကြောင်း တိုက်ခိုက်မှုဖြင့် တိုင်းရင်းသားတပ်များကို ဖိအားပေးနေစဉ် တရုတ်အစိုးရကလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နယ်မြေရှင်နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်း၊ ကုန်စည်များ ကန့်သတ်ခြင်းဖြင့် ဖိအားပေးနေကြောင်း ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဩဂုတ်လအတွင်း တွေ့ဆုံခဲ့ပြီးနောက် စစ်ကောင်စီသည် လားရှိုးမြို့ အပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများသို့ လေကြောင်းစစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အဓိကအားဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ကချင်၊ ရှမ်းမြောက်၊ ရက္ခိုင်၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် နိုင်ငံတဝန်းရှိ ပြည်သူ ရာချီသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။