Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇နှစ်ပတ်လည်ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့ရှိ အမှတ်(၉၈၁)တပ်ဂိတ် ဖောက်ခွဲတိုက်ခိုက်

၁၀၂၇စစ်ဆင်ရေး နှစ်ပတ်လည်ကိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ အမှတ်(၉၈၁)တပ်ရင်းဂိတ်ကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Dark Shadowအဖွဲ့က အသိပေးထားသည်။

ရန်ကုန်မြို့တနေရာတွင် တွေ့ရသော စစ်ကောင်စီတပ်သားအချို့။ ဓာတ်ပုံ - GETTY IMAGES

သတိုး/People’s Spring

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ကိုဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ အမှတ်(၉၈၁)တပ်ရင်းဂိတ်ကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Dark Shadowအဖွဲ့က အသိပေးထားသည်။

အောက်တိုဘာ ၂၇ရက် ည ၇နာရီခွဲတွင် အဆိုပါဂိတ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း Dark Shadow ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော် စစ်ကောင်စီ၏ စစ်ခွေးမိစ္စာများကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းအကြောင်းပြ၍ မသက်ဆိုင်သော ပြည်သူများ/ရဲဘော်များ မတရားသဖြင့်ဖမ်းစီးခံရမှုများကိုလဲ နေ့စဉ်ကြားသိနေရသည့်အပြင် မကြာသေးမှီက ငရဲခန်းကိုဖြတ်သန်းခဲ့ရသော ဘုတလင်ဖြစ်စဉ်မှ ပြည်သူများ/ရဲဘော်များကိုယ်စား ကျွန်ုပ်တို့ Dark Shadow အဖွဲ့မှလက်တုန့်ပြန်သွားမည်ဟု ဂတိသစ္စာပြုပါသည်။” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယမန်နေ့ညက ခရေပင်လမ်းခွဲအနီးရှိ အမှတ် (၉၈၁)ဂိတ်အပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရန်ကုန်မြေပြင် သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network-RSN က ဖော်ပြထားသည်။

အဆိုပါ တပ်ရင်းဂိတ်ကို ၂၀၂၂စက်တင်ဘာညကလည်း မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

Dark Shadow အဖွဲ့အနေဖြင့် အခြားပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက် သည့်‌ နေရာများကို ဝေးဝေးမှရှောင်သွားရန် အသိပေးထားသည်။

ယခုနှစ်အတွင်း Dark Shadow အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရသော်လည်း အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်ကလည်း လှော်ကားလမ်းဆုံ အနီးရှိ ခမရ(၁၀၆)တပ်ရင်းကို အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA) ၊ တအာင်း(TNLA)၊ အာရက္ခတပ်တော်(AA) တို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို ၁၀၂၇စစ်ဆင်ရေး အမည်ဖြင့် တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းရာချီကို MNDAAက စစ်ဆင်ရေး တစ်နှစ်အတွင်း သိမ်းပိုက်ခဲ့သည်။

အလားတူ TNLAကလည်း စစ်ဆင်ရေးတစ်နှစ်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်း ၁၂မြို့နှင့် တပ်စခန်းရာချီ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီပ/People’s Spring ဆယ်စုနှစ်​ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာ​တွေကို စိတ်ကြိုက်သုံးပြီး ​ခေတ်မီတပ်မ​တော်ဆိုကာဟန်​ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အ​ခြေအ​နေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်​ရေးကြီးတစ်ခုရှိပါတယ် ။ စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်​လောက်ထိ​ကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံး​ကောင်ရုပ်ပုံ​တွေကို စစ်တပ်ရုံး​တွေ၊စခန်း​တွေမှာ ​ဇောက်ထိုးထား ယတြာ​ချေခဲ့ရတယ်အထိ စစ်အုပ်စု က​ယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်​ရေးလို့​ခေါ်ပါတယ် ။ ၁၀...

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။