Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက်

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ကမ်းထောင့်ကြီး၊မအီ၊ သံတွဲ၊ ရမ်းဗြဲ၊စနဲ၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)
(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)

အိမ်သွင်/People’s Spring

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထားပြီး အမ်း-ပဒါန်းလမ်းကိုလည်း AAကထိန်းချုပ်ထားကြောင်း ​ဒေသခံများက​ပြောသည်။

စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခုရက်ပိုင်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီ၏ထွက်ပေါက်များအားလုံးကို AAက ပိတ်ဆို့ထားပြီဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။

“ဒီကနေ့ အပြင်းထန်ဆုံးကတော့ ၉၁၉ တပ်ဘက်မှာ။ (၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)။အဲ့တပ်ကစစ်ကောင်စီတပ်သားတွေ ကစဥ့်ကလျားပဲထွက်ပြေးနေရတယ်။စစ်တပ်က နပခထဲကို ဟက်စကီးတွေနဲ့ လူတွေထပ်ချတယ်။အဓိက ကစစ်ကောင်စီ ချောင်ပိတ်သွားတဲ့အနေအထားပါ”ဟု မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)
(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် (၉၂၆)

ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၃၆၂)၊(၃၆၅)၊(၃၆၉)တို့ကိုလည်း စစ်ကောင်စီကထပ်မံဖြည့်တင်းထာပြီးခုခံနေသည်ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကဆိုသည်။

AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)တို့ကို AAက တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ ယင်းတပ်ရင်းများမှစစ်ကောင်စီတပ်ဖွဲ့ဝင်များ ​ဆုတ်ခွာ၍ နပခ၌ သွားရောက်ပူးပေါင်းနေသည်ဟု ​ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲများမှာမြို့နှင့်ပိုမိုနီးကပ်လာပြီး စစ်​ကောင်စီက စစ်ကူ ၊ရိက္ခာနှင့် ခဲယမ်းများကို​လေ​ကြောင်းမှဖြည့်တင်း၍ ခုခံ​နေပြီး ​လေ​ကြောင်းမှ တိုက်ခိုက်၍ ပစ်ကူ​ပေး​​နေသည့်ကြားမှ AA ကအပြင်းအထန်ထိုးစစ်ဆင်​နေခြင်းဖြစ်​ကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

​​အောက်တိုဘာ ၂၇ ရက်တိုက်ပွဲတွင် နပခကို AAက ထိန်းချုပ်လိုက်ပြီး အမ်းမြို့ကို သိမ်းယူလိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းသတင်းသည် မှားယွင်းပြီး တိုက်ပွဲ၍ပြင်းထန်နေဆဲဖြစ်၍ ဒေသခံများလေကြောင်းအန္တရာယ်ကင်းရေးအတွက် သတင်းမှားများမဖြန့်ဝေကြရန် မြို့ခံတဦးက မေတ္တာရပ်ခံသည်။

(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)
(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ ဓါတ်ပုံ-AA ၊ CJ)

” တိုက်ပွဲကအရမ်းပြင်းထန်နေတယ်။ တိုက်ပွဲနေရာတွေကိုစစ်ကောင်စီက လေကြောင်းက ဆက်တိုက်ပစ်တယ်။ မြို့ထဲကို ဗုံးမကြဲဖို့ဆုတောင်းနေရတဲ့အချိန်မှာ သတင်းမှားတွေမဖြန့်ဝေစေချင်ဘူး”ဟု ဒေသခံကပြောသည်။

တိုက်ပွဲပြင်းထန်နေချိန်၌ အမ်းမြို့မှ မကွေးတိုင်းမင်းဘူးမြို့သို့ ထွက်သည့် အမ်း-ပဒါန်းလမ်းကိုလည်း AAက အပြည့်အဝထိန်းချုပ်ထားသည်ဟု မင်းဘူးဒေသခံတဦးကပြောသည်။

အမ်း-ပဒါန်းလမ်းအပြင် အမ်းမြို့မှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်းတို့တွင်လည်း AAက နယ်မြေစိုးမိုးမှုယူထားပြီး ရခိုင်ပြည်နယ်အတွင်းရှိအဆိုပါလမ်းပိုင်းသုံးခု၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသအခြေစိုက်သတင်းဌာနအချို့ကရေးသားဖော်ပြထားသည်။

AA ကအမ်းမြို့စစ်ကောင်စီစခန်းများကိုစက်တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲတောင်ဗျူဟာ နှင့် ရှေ့တန်းစခန်းများကိုအောက်တိုဘာလ ၆ရက်တွင်သိမ်းပိုက်ခဲ့သည်။ထိို့အပြင် ခမရ(၃၇၃) နှင့် အမြောက်ကုန်းဟုဒေသခံများကခေါ်သည့်ကမ်းဒိတ်တောင်စခန်းကိုအောက်တိုဘာလ၁၁ရက်ညနေတွင်သိမ်းယူခဲ့သည်။

AA ကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်က ထုတ်ပြန်ရာ၌အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော စစ်ကြောင်းနှင့် ၂ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း အသိ​ပေးထားသည်။

AAကကို နပခ သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကောင်စီအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ပြီးလျှင် ဒုတိယမြောက် ကျဆုံး​သော စစ်တိုင်းဖြစ် လာမည်ဖြစ်သည်။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAက ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ကမ်းထောင့်ကြီး၊မအီ၊ သံတွဲ၊ ရမ်းဗြဲ၊စနဲ၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုလက်ဝဲမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

အမ်း ၊​မောင်​တော ၊ ​ဂွမြို့နယ်ရှိစစ်တပ်လက်ကျန် စခန်းများကိုလည်း AA ကထိုးစစ်ဆင်တိုက်​နေသည်။မောင်တောမြို့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ -၅)တစ်ခုသာ ကျန်ရှိတော့ပြီး AAက အပြီးသတ်သိမ်းနိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

(အာရက္ခတပ်(AA)ဖွဲ့ဝင်များ ၊နပခ ဆိုင်းဘုတ်နှင့် ရခိုင်စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်။ဓါတ်ပုံ-AA ၊ CJ)

ဆက်စပ်သတင်းများ

Trending

Facebook