Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့နေမှုအတွက် လူပုဂ္ဂိုလ် ၃ဦးနှင့် အဖွဲ့အစည်း ၄ခုကို ကနေဒါပိတ်ဆို့အရေးယူ

လက်နက်များ၊ အသုံးအဆောင်များ၊ လေယာဥ်ဆီများ၊ ကိရိယာများနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များပေးခြင်းအပါအဝင် မြန်မာစစ်တပ်အပေါ် ထောက်ပံ့မှုများအားလုံးကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကနေဒါက တောင်းဆိုထားသည်။

(BGF ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုံ)
(BGF ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုံ)

▪︎ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်များနှင့် စောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီကိုလည်း EU ဒဏ်ခတ်အရေးယူ

အီယိုရီ/People’s Spring

မြန်မာစစ်တပ်ထံ စစ်လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့နေမှုအတွက် လူပုဂ္ဂိုလ် ၃ဦးနှင့် အဖွဲ့အစည်း ၄ခုကို အထူးစီးပွားရေးစည်းမျဥ်းများအရ အရေးယူပိတ်ဆို့လိုက်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါအစိုးရသည် အာဏာသိမ်းစစ်ကောင်စီ၏ ဆက်လက်ပြီး တိုးမြှင့်လာသော လေကြောင်းတိုက်ခိုက်မှုများအပေါ် တုန့်ပြန်မှုအဖြစ် ဗြိတိန်နှင့် ဥရောပသမဂ္ဂ(EU)တို့နှင့် ပူးပေါင်းကာ အရေးယူပိတ်ဆို့မှုအသစ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။

(BGF ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုံ)
(BGF ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုံ)

“မြန်မာစစ်တပ်က ကိုယ့်ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းအား ကနေဒါနိုင်ငံက လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်အပေါ် ဆက်လက်ဖိအားပေးသွားမှာဖြစ်ပြီး စစ်မှန်၍ အားလုံးပါဝင်သော ဒီမိုကရေစီ လမ်းကြောင်းအပေါ် လျှောက်လှမ်းနေကြတဲ့ မြန်မာပြည်သူများကို ဆက်လက်ထောက်ခံအားပေးသွားမှာပါ” ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါအစိုးရက ဗြိတိန်နှင့် EU တို့နှင့်အတူ ပူးပေါင်း အရေးယူခြင်းဖြစ်ကာ EUက ကရင်နယ်ခြားစောင့်တပ်(BGF)ခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ဗိုလ်မှူးကြီးစောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို အရေးယူပိတ်ဆို့ကြောင်း ကြေညာသည်။ ဥရောပကောင်စီသည် စစ်ကောင်စီနှင့်စပ်ဆက်မှုရှိသည့် အဆိုပါလူပုဂ္ဂိုလ်သုံးဦးနှင့် ကုမ္ပဏီတစ်ခုကို အရေးယူပိတ်ဆို့ကြောင်း အောက်တိုဘာ ၂၉ရက်တွင် အတည်ပြုခဲ့သည်။

ထို့အပြင် အထက်ပါ BGF ခေါင်းဆောင်များနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့သည် မြန်မာနိုင်ငံအတွင်း အခြေစိုက်ကာ မြန်မာပြည်သူများနှင့် ဒေသတွင်းအခြားနိုင်ငံများမှ နိုင်ငံသားများကို ပစ်မှတ်ထားတာ ငွေကြေးလိမ်လည်မှုလုပ်ငန်းများ(scam operations)လုပ်ဆောင်နေမှုအပေါ် တာဝန်ရှိမှုအတွက် အရေးယူခဲ့ခြင်းဖြစ်ကြောင်း ဥရောပကောင်စီက ဖော်ပြသည်။

ဗြိတိန်ကလည်း Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) စသည့် ကုမ္ပဏီငါးခုကို ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့တွင် ကြေညာသည်။

လွန်ခဲ့သည့် ၆လကျော်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၆၀ကျော်အပါအဝင် အရပ်သားပြည်သူ ၄၀၀နီးပါး သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၇၅၀ကျော် ဒဏ်ရာရခဲ့ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ စစ်တပ်၏ အဆိုပါတိုက်ခိုက်မှုများက နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး အကြီးအကျယ်ချိုးဖောက်နေပြီး ဒီမိုကရေစီ၏ အခြေခံ စည်းမျဥ်းများနှင့် လူ့အခွင့်အရေးလေးစားမှုအပေါ် ချိုးဖောက်ကြောင်း ကနေဒါက ဖော်ပြသည်။

စစ်ကောင်စီက ၎င်း၏အာဏာခိုင်မာရေးအတွက် အကြမ်းဖက်မှုများကို တိုးမြှင့်လာခြင်းကြောင့် ပဋိပက္ခက လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး မတည်ငြိမ်မှုကို မြှင့်တက်စေကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကနေဒါ၏ အထူးစီးပွားရေးစည်းမျဥ်းများအရ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများသည် မြန်မာစစ်တပ်ထံ စစ်လက်နက်များ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ၊ အရေးကြီးရင်းမြစ်များနှင့် ငွေကြေးထောက်ပံ့များ ပြုလုပ်နေသူများကို တိုက်ရိုက်အရေးယူ တုန့်ပြန်ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် ကနေဒါနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများသည် အာဆီယံအဖွဲ့၏ ကျယ်ပြန့်သော ထိတွေ့ဆက်ဆံမှုများနှင့် အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ်ကို အထောက်အကူပြုနိုင်ရန် စီစဥ်ရေးဆွဲထားသည်ဟု ဆိုသည်။

လက်နက်များ၊ အသုံးအဆောင်များ၊ လေယာဥ်ဆီများ၊ ကိရိယာများနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များပေးခြင်းအပါအဝင် မြန်မာစစ်တပ်အပေါ် ထောက်ပံ့မှုများအားလုံးကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကနေဒါက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook