Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မြင်းခြံမြို့နယ် ရုံဒိုးရွာနှင့်ရွာသစ်ကျေးရွာအနီး နှစ်နေရာကို ယနေ့(အောက်တိုဘာ ၃၀ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စက်တင်ဘာ ၂၂ရက်ကလည်း မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)
(စက်တင်ဘာ ၂၂ရက်ကလည်း မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည်။

မြင်းခြံမြို့နယ် ရုံဒိုးရွာနှင့်ရွာသစ်ကျေးရွာအနီး နှစ်နေရာကို ယနေ့(အောက်တိုဘာ ၃၀ရက်) ညနေပိုင်း၌ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ဘာတိုက်ပွဲမှမရှိဘဲနဲ့ အလွတ်ကြီးဖြစ်သွားတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေ ၃နာရီ၁၅မိနစ်ခန့်တွင် တိုက်ခိုက်သွားခြင်းဖြစ်သည်။အဆိုပါ ကျေးရွာနှစ်ရွာတွင် အရပ်သားများပြားရှိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေနေကို မသိရသေးပေ။

စက်တင်ဘာ ၂၂ရက်ကလည်း မြင်းခြံမြို့နယ်၊ ချေဆေးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။

မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ်တွင် မြင်းခြံခရိုင်အထူး စစ်ဆင်ရေး(MDSO)ဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် အဆိုပါမြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။