Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ကောင်မလေးလာတွေ့သည့် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အောက်တိုဘာ ၂၇ ရက်ကလည်း အဆိုပါရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

(သေဆုံးခဲ့သော နယ်ထိန်းရဲအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာ ပကဖ)
(သေဆုံးခဲ့သော နယ်ထိန်းရဲအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာ ပကဖ)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကောင်မလေးလာတွေ့သည့် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၁ရက်) ညက တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းမှ နယ်ထိိန်းရဲမောင်ချမ်း (ခ)အရှည်ကြီးသည် ကျေးရွာတစ်ရွာသို့ အမျိုးသမီးကိစ္စဖြင့် ရောက်ရှိလာစဥ် ၎င်းအား ဝင်ရောက်ဖမ်းဆီးရာ ခုခံထွက်ပြေး၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

“ရည်းစားဆီလား မသိဘူး။ ကျွန်တော်တို့အဖွဲ့က ဝိုင်းပြီးတော့ ဖမ်း​ဆီးတာ။ ဖမ်းဆီးမခံဘူး ထွက်ပြေးတယ်။ အဲဒါကြောင့် လိုက်လံပစ်ခတ်လိုက်ရတဲ့သဘောပါ။”ဟု တောင်သာ ပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်ခတ်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အောက်တိုဘာ ၃၁ရက်ကလည်း ရုံးစည်ကြီးနယ်မြေရဲစခန်းအနီး စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲ ၂ဦး သေဆုံးခဲ့သေးသည်။

အောက်တိုဘာ ၂၇ ရက်ကလည်း အဆိုပါရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ်အောက်တိုဘာ ၂၉ ရက်က ဆီမီးခုံမြို့ပေါ်ရှိ စစ်သားများအား မိုင်းဆွဲခြင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်းအား ဒရုန်းဖြင့်ဗုံးချခြင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation)ကို အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် “မြင်းခြံခရိုင် ထိုးစစ်မြိုင်” ကမ်ပိန်းကို ထောက်ကူပေးကြရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။