Connect with us

Hi, what are you looking for?

သတင်း

ခေါင်းဆောင်ကစ၍ ရဲဘော်များ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမည်ဟု မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်း အသိပေး

မဟာမိတ်တပ်များအပေါ်တွင် ရိုင်းပြစွာ ကျူးလွန်ခဲ့လျှင်လည်း လာရောက်တိုင်ကြားနိုင်ကြောင်း အမှတ်(၁၂၂၂)တပ်ရင်းကထပ်မံ အသိပေးထားသည်။

(အမှတ်(၁၂၂၂)တပ်ရင်းရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် ၁၂၂၂)
(အမှတ်(၁၂၂၂)တပ်ရင်းရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ် ၁၂၂၂)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်ဗျူဟာအမှတ်(၁၂၂၂) တပ်ရင်း၌ ခေါင်းဆောင်ကစ၍ ရဲဘော်များ ကျင့်ဝတ်ဖောက်ဖျက်ပါက တိုင်ကြားနိုင်ပြီး ထိရောက် စွာ အရေးယူဆောင်ရွက်ပေးမည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ကြေညာသည်။

အမှတ်(၁၂၂၂)တပ်ရင်းသည် ပြည်သူအပေါ် ကျင့်သုံးရမည့် စည်းကမ်း၊ ကျင့်ဝတ်များနှင့် တပ်တွင်းချမှတ်ထားသော စည်းကမ်း၊ကျင့်ဝတ်များကို အမြဲမပြတ် စောင့်ထိန်းလိုက်နာနေသော တပ်ဖြစ်ကြောင်း၊ တပ်ရင်းတွင် ရဲဘော်အင်အား တိုးလာပြီး COC(Chain Of Command) သက်ရောက်မှုနှင့် စည်းကမ်းချက် အားနည်းချက်များ ရှိလာမည်ကို စိုးရိမ်ကြောင်း အမှတ်(၁၂၂၂)တပ်ရင်းက အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရဲဘော်များ လူထုအပေါ်တွင် ကိုယ်အမူအရာဖြင့်ဖြစ်စေ၊ နှုတ်အမူအရာဖြင့် ဖြစ်စေ ရိုင်းပြစွာစော်ကားမှုများ ရှိလာပါက တပ်ရင်း Facebook Page နှင့် တပ်ရင်းခေါင်းဆောင်များထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အမှတ်(၁၂၂၂)တပ်ရင်းက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်ကစ၍ ရဲဘော်များ ကျင့်ဝတ်ဖောက်ဖျက်သည်ကို တွေ့ရှိပါက ပြစ်မှုပြစ်ဒဏ် ပေါ်မူတည်၍ ထိရောက်စွာ အရေးယူဆောင်ရွက် ပေးမည်ဟု အမှတ်(၁၂၂၂)တပ်ရင်းက ကတိပြုသည်။

“လူထုနဲ့ရဲဘော်တွေ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ Error(ချို့ယွင်းမှု)လေးတွေ ရှိလာတယ်။ ဒါက ကျွန်တော်တို့တပ်မှ မဟုတ်ဘူး။ အခြားတပ်တွေမှာလည်း ရှိတယ်။ နယ်မြေဒေသအခြေအနေရ လိုက်မကြည့်နိုင်တဲ့အခါ ဂိတ်တွေဖွင့်တဲ့အခါမျိုးမှာ လူထုနဲ့ ကျွန်တော်တို့ စစ်သားတွေ ဆက်ဆံရတယ်။ ဆက်ဆံရတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအားနည်းချက်လည်း ပါကောင်းပါတာပေါ့။ အဲအချိန်မှာ ရဲဘော်တွေမှာ အမှားလေးတွေရှိလာတာ ကျွန်တော်တို့ ပြန်လည်ကြားသိရတယ်ပေါ့။ အဲဒီအချိန်မှာ ဘယ်သူ့တိုင်လို့တိုင်ရမှန်းမသိဘူး။ ဘယ်လိုဆက်သွယ်ရမှန်းမသိတဲ့ ပြည်သူလူထုတွေလည်း ရှိတယ်။ အဲအတွက် ကြောင့် အခုလို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု အမှတ်(၁၂၂၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မဟာမိတ်တပ်များအပေါ်တွင် ရိုင်းပြစွာ ကျူးလွန်ခဲ့လျှင်လည်း လာရောက်တိုင်ကြားနိုင်ကြောင်း အမှတ်(၁၂၂၂)တပ်ရင်းကထပ်မံ အသိပေးထားသည်။

အမှတ်(၁၂၂၂)တပ်ရင်းသည် မိုးကုတ်မြို့နယ်၌ အခြေစိုက်ထားသော်လည်း စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များ၌ပါ တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။