ဆဏ်း/People’s Spring
ဖျော်ဖြေပွဲတွေတိုင်းမှာ စိတ်အားထက်သန်စွာ တင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းက ဒီပွဲမှာလဲ အင်တိုက်အားတိုက် ဖျော်ဖြေပေးခဲ့ပြီးပရိသတ် တစ်ထောင်ကျော် လာရောက်ကြည့်ရှူခဲ့တယ်လို့ သိရပါတယ်။
ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂ရက်က လန်ဒန်မြို့မှာရှိတဲ့ Grace Point ကဇာတ်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲအတွက် အဆိုတော်ဘက်က အနုပညာကြေးမယူပဲ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို တော်လှန်ရေးအတွက် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။



ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နွေဦးတော်လှန်ရေးအတွက် သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကိုနောက်ခံ LED Board မှာပြသတဲ့ တင်ဆက်မှုကို၏ပရိသတ်တွေ သဘောကျခဲ့ပါတယ်။

Public Service Announcement
နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအတွက်လည်း ကြယ်သီချင်းနဲ့ ဂုဏ်ပြုသီဆိုခဲ့ပါတယ်။

“Phyu Phyu in London ပွဲက ဖြူဖြူ့ရဲ့ stage life မှာ ပထမဦးဆုံးအနေနဲ့ တချို့သီချင်းလေးတွေ ကို piano နဲ့ guitar ကိုယ်တိုင်တီးပြီး ဖျော်ဖြေမှာပါ။ ဖြူဖြူ့အတွက်တော့ ဒီ step လေးက ကိုယ့်ရဲ့stage life အတွက်ဆိုရင် အရေးပါတဲ့ step လေးတစ်ခုပါ။ဒီ moment လေးကို London က ပရိသတ်နဲ့ ပထမဆုံးဖြတ်သန်းရဖို့အတွက် ရင်တွေခုန်နေပါပြီ။ ” လို့ ပွဲမတိုင်ခင်အသိပေးခဲ့တဲ့ အတိုင်း သီချင်းတချို့ကို ကိုယ်တိုင်တီးခတ် ဖျော်ဖြေပေးခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းက သူမရဲ့ ကျန်းမာရေး အပေါ်မူတည်ပြီး တခြားနိုင်ငံတွေမှာလည်းတတစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်လုပ်ဖို့အစီအစဉ်ရှိတယ်လို့ဆိုပြီး နောက်ဆုံးပွဲကိုတော့ ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ်လို့ အသိပေးထားပါတယ်။


















































