Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် ကင်းတံခါးလာပိတ်သည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ

ရွာသာကြီးကျေးရွာသည် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းဖြစ်၍ သေခံပြည်သူအများစုမှာ နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေရသည်။

(ကင်းတံခါးလာပိတ်သည့် စစ်အုပ်စုအား ရဲဘော်များက တိုက်ခိုက်နေစဥ်။ဓာတ်ပုံ - ကြောင်လက်သည်း)
(ကင်းတံခါးလာပိတ်သည့် စစ်အုပ်စုအား ရဲဘော်များက တိုက်ခိုက်နေစဥ်။ဓာတ်ပုံ - ကြောင်လက်သည်း)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကင်းတံခါးလာပိတ်သည့် စစ်ကောင်စီတပ်သားများအား တော်လှန်ရေးတပ်များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(နိုဝင်ဘာ ၃ရက်)ညနေ ၅ နာရီ ၄၅ မိနစ် ခန့်က ဝက်လက်မြို့နယ်၊ရွာသာကြီးကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ စစ်သားများသည် အရာတော် – ရွာသာကြီးလမ်းပေါ်မှ ကင်းတံခါးအား လာပိတ်စဥ် တော်လှန်ရေးတပ်များက ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်းတပ်ဖွဲ့တာဝန်ခံ ကိုဖတ်တီးက ပြောသည်။

“အရာတော်ဘက်အထွက် လမ်းကကင်းတံခါးပေါ့။ ကင်းသဘောမျိုးထားတဲ့တံခါး။ ဝါးတားပြီး ဆူးခက်တွေနဲ့လုပ်ထားတာ။ အဲတံခါးလာပိတ်တာကို ကျွန်တော်တို့အဖွဲ့တွေ ဆော်လိုက် တာ။”ဟု ကိုဖတ်တီးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ကင်းတံခါးလာပိတ်သည့် စစ်သား သုံးဦးသေဆုံးကြောင်း ကြောင်လက်သည်းတပ်ဖွဲ့က ဆိုသည်။ သို့သော် စစ်အုပ်စုသေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ကင်းတံခါးအနောက်ခြမ်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်မှုအား ရွာသာကြီးတိုက်နယ် ကြောင်လက်သည်း ဦးဆောင်သောအဖွဲ့နှင့် မဟာမိတ်အဖွဲ့များဖြစ်သော မီးတောက် Local PDF၊ တွေ့မရှောင် Local အဖွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရွာသာကြီးကျေးရွာသည် စစ်ကောင်စီတပ်က တပ်စွဲထားခြင်းဖြစ်၍ သေခံပြည်သူအများစုမှာ နေထိုင်ခြင်းမရှိတော့ဘဲ တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။