Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲတွင် PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦး​​သေ

စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ပြီးခဲ့သည့် တလ​ကျော်တွင် လီဆူတိုင်းရင်းသားရွာဖြစ်​သောသောင်စိန်ရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့​သေးသည်။

(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)
(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်​တောင်ပိုင်း၊​ညောင်​​ရွှေ မြို့နယ်အတွင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်လက်​အောက်ခံ PNOပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအပါ အဝင် ငါးဦး သေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင်ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာ အနီးတွင်တိုက်ပွဲဖြစ်ပွားရာ ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့် PNOပြည်သူ့စစ်မှဗိုလ်ကြီး ခွန်သိန်းဇော်၊ခွန်မောင်ရွေး၊ခွန်ရဲအောင် နှင့် ကျန်ရဲ​ဘော် နှစ်ဦးဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်၍ စစ်​ရှောင်နေကြသော ပြည်သူများ၏ ကျန်ခဲ့သော ပြောင်းစိုက်ခင်းကို PNO ပြည်သူ့ စစ်များနှင့် စစ်သားများက ဝင်ရောက်ခိုးယူရိတ်သိမ်းစဥ် တော်လှန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ​သေဆုံးခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံတဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)
(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ–File Photo)

“ပြည်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းတွေကို စစ်ကောင်စီနဲ့ PNO တွေက ခူးပြီးတော့ရောင်းစားနေတာပေါ့။အခုလည်း အဲဒီလိုလုပ်နေရင် ဒရုန်းချခံရပြီး ကြွသွားတာဖြစ်နိုင်တယ် “ဟု ဒေသခံတဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲများတွင် စစ်​ကောင်စီတပ် နှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များစွာ​သေဆုံးခဲ့ပြီး ယခုဖြစ်စဥ်တွင်​သေဆုံးသူများ၏ အမည်နှင့် ဓါတ်ပုံပါ သတင်းထွက်​ပေါ်လာခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် PNO ၏ ထိုးစစ်ကြောင့် ထွက်ပြေးနေရ သော ရွာများအနက် ဟိုဝိုး၊ ဆောင်လန်၊ ဗန်းမောက် ၊ ကသဲ နှင့် လွယ်ပသာ ရွာတစ်ကြောရှိ ပြည်သူများစိုက်ထားသည့်စပါးခင်း ၊ပြောင်းခင်းဧကထောင်ချီရှိပြီး သုံးပုံတစ်ပုံခန့်သာ ပြည်သူများက ရိမ်သိမ်းနိုင်ခဲ့ ကြောင်း ဖယ်ခုံမြို့စစ်ရှောင်အရေးကူညီနေသူ ကိုရာဇာက အသိပေးသည်။

“PNOနဲ့စကစပူးပေါင်းတပ်ဖွဲ့ဖက်က ရိတ်ချွေစက်၄စီးနဲ့ ပြည်သူစပါးများကို ရိတ်ချွေပြီး ပင်လောင်းလမ်းအတိုင်း သယ်ယူသွားတယ်လို့ ဒေသခံလယ်သမားတစ်ယောက်ဆီကသိရပါတယ်”ဟု ကိုရာဇက ပြောသည်။

(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)
(တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ–File Photo)

ထို့အပြင် ရိတ်ချွေပြီးလယ်ထဲ၌ ကျန်ခဲ့သောစပါးများကို ပြည်သူများကပြန်လာသယ်ချိန်တွင် PNOကတိုက်ခိိုက်သဖြင့် သေဆုံးသူပြည်သူအချို့ရှိကြောင်းလည်း သိရသည်။

ထိုအပြင် စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ပြီးခဲ့သည့် တလ​ကျော်တွင် လီဆူတိုင်းရင်းသားရွာဖြစ်​သောသောင်စိန်ရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့​သေးသည်။

ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO က အင်အား ၅၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်​ကြောင်းကို​တော်လှန်​ရေးတပ်များက တိုက်ခိုက်ရာ တိုက်ပွဲများနေ့စဥ်ဖြစ်ပွား​နေပြီးဒေသခံပြည်သူထောင်နှင့်ချီ စစ်ရှောင် နေရကာ အခြေခံ ရိက္ခာများစွာလိုအပ်လျှက်ရှိသည်။

ပင်လောင်း -ဖယ်ခုံ ​ဒေသတွင် စက်တင်ဘာလမှစ၍ လပေါင်းများစွာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။