Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်တပ်က တစ်ပတ်အတွင်း နေအိမ် ၈၀၀ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၉၀ကျော် ဖမ်းဆီးသွား

စစ်ကောင်စီစစ်ကြောင်းသည် စုစုပေါင်း ဒေသခံပြည်သူ ၉၂ ဦးအား ကန့်ဘလူမြို့ရှိ (၆၀၀၆) တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း နေအိမ် ၈၀၀ ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၉၀ကျော် အား ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာ ၃၀ရက်က ကန့်ဘလူမြို့နယ်၊ကာဘိုးရွာပျူစောထီးအထိုင်စခန်းမှ ထွက်လာသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကျီစုရွာနှင့် ကျောက်တိုင်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀၀ နီးပါး မီးလောင်ပြာကျခဲ့သည်။

ထို့အပြင် အိုင်ပေါင်းချောင်ကျေးရွာနေ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ပြည်သူ ၃၇ဦးအား ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ ရက်ကလည်း ကာဘိုးတိုက်နယ် အတွင်းရှိ ဝက်တိုး(တ)ရွာအား အဆိုပါစစ်ကြောင်းက ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးလည်း ဖမ်းဆီးခံရကြောင်း ၎င်းအဖွဲ့က ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း အဆိုပါ စစ်ကြောင်းသည် ဘူးကြီးကျေးရွာမှ ပြည်သူ ၅၀ခန့်အား ထပ်မံ ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် စုစုပေါင်း ဒေသခံပြည်သူ ၉၂ ဦးအား ကန့်ဘလူမြို့ရှိ (၆၀၀၆) တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“အဖမ်းခံရသူတွေ မလွတ်သေးဘူး။ စစ်မှုထမ်းခိုင်းတာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း ပြောလို့ရတယ်။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။