Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး သုံးဦးသေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တွင်းမကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီးများ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်းသတင်းရရှိသည်။

(တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - 8+အညာမြေတပ်ပေါင်းစု)
(တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - 8+အညာမြေတပ်ပေါင်းစု)

ဟာနာဆန်/People’s Spring

ယနေ့(နိုဝင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ တွင်းမကျေးရွာမှ ကင်းပတ် ထွက် လာသော ပျူစောထီးအဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစုများက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း M.V.P Revoulation Force အဖွဲ့က ပြောသည်။

“သုံးကောင် ရှေ့ကထွက်လာတာ။ နောက်ချန်ဘယ်လောက်ပါတယ်ဆိုတာတော့ မသိရဘူး။တိုက်ပွဲချိန်ကတော့ ဆယ်မိနစ်လောက်ပဲ။”ဟု 8+အညမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ ကိုရှိုင်းက ပြောသည်။

(တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - 8+အညာမြေတပ်ပေါင်းစု)
(တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – 8+အညာမြေတပ်ပေါင်းစု)

ထို့အပြင် သေဆုံးပျူစောထီးများထံမှ M16သေနတ်နှစ်လက်၊ G3တစ်လက်နှင့် ကျည် နှင့်အခြားပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း M.V.P Revoulation Force အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation Force၊ အလင်းတန်းပြောက်ပျားတပ်ဖွဲ့-မြိုင်၊UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျား၊ Phoneix People Defence Force၊ Scopion People Defence Force၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့၊ ဇာမဏီ Droneတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၉ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစောထီးရွာမှ ကင်းပတ် ထွက်လာသော ရဲတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ မြိုင်ပကဖအဖွဲ့က ဖမ်းဆီးရမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။