Connect with us

Hi, what are you looking for?

သတင်း

ရခိုင်စစ်မြေပြင်ရောက် ဧရာဝတီတိုင်းမှ စစ်သားသစ်စုဆောင်းခံရသူများ သတင်းအစအနပျောက်

ဓနုဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အထိ လူငယ် ၃၀ဝ နီးပါး စစ်သားစုဆောင်းခံရပြီး အများစုသည် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရသည်ဟုသတင်းရရှိသည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

အိမ်သွင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ဧရာဝတီတိုင်းမှ ပို့ဆောင်ခံရသည့် စစ်သားစုဆောင်းခံရသူ အများစုမိသားစုနှင့် လုံးဝအဆက်အသွယ်မရတော့ဘဲ စုံစမ်း၍လည်း မရကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပဒေကို ယခုနှစ် ​ဖေ​ဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည်။ဥပ​ဒေထုတ်ပြန်ပြီးနောက်ဧရာဝတီတိုင်းအတွင်း မြို့နယ်များမှ လူငယ်များကို ဆက်တိုက်စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လမှစတင်၍ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း -ဂွလမ်းမှတဆင့် ရခိုင်စစ်မြေပြင်သို့စစ်ကောင်စီက စတင် ပို့ဆောင်ခဲ့​ကြောင်းစုံစမ်းသိရသည်။

“ကျမသားက မဲနှိုက်လို့ပေါက်တဲ့သူ‌ဆွေအစား လိုက်ရတာ။ သိန်း ၂၀ရတယ်။ ပထမတော့ ဖုန်းဆက်လို့ရတယ်။ အခု မရတာ ၂လကြာပြီ။ စစ်တပ်ထဲ သွားမေးတာ တပ်ဂိတ်ပေါက်ဝကနေ ပြန်လွှတ်တယ်” ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဓနုဖြူမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၅ အထိ လူငယ် ၃၀ဝ နီးပါး စစ်သားစုဆောင်းခံရပြီး အများစုသည် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရသည်ဟုသတင်းရရှိသည်။

ဓနုဖြူမြိုအနီးရှိ ဇလွန်၊ အထောင်၊ ရှားခဲ၊ဟင်္သာတမြို့နယ်တို့တွင်လည်း စစ်သားစုဆောင်းခံရသူလူငယ်အများအပြားမှာတိုက်ပွဲပြင်းထန်​နေသည့် ရခိုင်ပြည်နယ်သို့ပို့ဆောင်ခံရပြီး မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံ​နေရခြင်းဖြစ်သည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများကို စစ်​ကောင်စီက ဟင်္သာတမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း နှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးခြင်းဖြစ်သည်။

“စစ်သင်တန်းဆက်စက ဆက်သွယ်လို့ရတယ်။ အခုက ဘယ်လိုမှ ဆက်လို့မရတော့တာ။ စစ်တပ်ဘက်ကလည်း ဘာမှအကြောင်းမကြားတော့ဘူး။ အုပ်ကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူး)ကလည်း ဘယ်လိုမေးမေး ဂရုမစိုက်တော့ဘူး” ဟု ဟင်္သာတမြို့၊နတ်မော်ကျေးရွာမှ ဒေသခံတဦးကပြောသည်။

နတ်မော်ကျေးရွာသည် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၈)အနီး၌ ရှိသည်။ ထို့ကြောင့် ဒေသခံလူငယ်အများစုသည် စစ်တပ်၏ဖိအားပေးခံရမှုနှင့်အတူ စစ်သားသစ်အဖြစ်မကြာခဏစု​ဆောင်းခံခဲ့ရသည်။

“နတ်မော်ဈေးထဲက ဈေးသည်တစ်ယောက်ရဲ့ ‌ သား စစ်တပ်ထဲပါသွားတာ။ တိုက်ပွဲမှာ သေပြီလို့ပဲကြားပြီး ကျန်တာဘာမှမသိရတော့ဘူး” ဟု နတ်မော်ရွာခံတစ်ဦးကပြောသည်။

စစ်သားစုဆောင်းခံရသူများအနက်စစ်သင်တန်းမတက်ရောက်မီ ထွက်ပြေးသူများလည်းရှိခဲ့သည်။ စစ်သင်တန်းတက်ရောက်ပြီးပါကတိုက်ပွဲပြင်းထန်​နေသည့် ရခိုင်ပြည်နယ်အပြင် စစ်ကိုင်းတိုင်းသို့လည်း ပို့ဆောင်ခံရသည်။

ရခိုင်ပြည်နယ် ​မောင်​တောမြို့နယ်အတွင်းတိုက်ပွဲ ၊ သံတွဲမြို့နယ်ရှိ ​မောင်​ရွှေ​လေး​ရေတပ်စခန်းသိမ်းတိုက်ပွဲများတွင် အဓမ္မစု​ဆောင်းခံရပြီးသင်တန်းဆင်း စစ်သားသစ်များစွာပါဝင်ကာ​သေဆုံးသူ ဖမ်းဆီးရရှိသူများစွာရှိ​ကြောင်း အာရက္ခတပ်​တော် (AA)ကထုတ်ပြန်ထားသည်။

(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)
(သြဂုတ် ၂၂ ရက် ​မောင်​တောမြို့သိမ်းတိုက်ပွဲတွင် AA ဖမ်းမိခဲ့​သော စစ်သုံ့ပန်းများ နှင့် စစ်​​ကောင်စီ၏စစ်သင်တန်းတက်​နေသူများ။ ဓါတ်ပုံ-AA Info Desk၊ စစ်​ကောင်စီ)

လက်ရှိတိုက်ပွဲပြင်းထန်း​နေ​သော အမ်းမြို့သိမ်းတိုက်ပွဲ ၊​မောင်​တောမြို့သိမ်းတိုက်ပွဲများတွင်လည်း​ စစ်တပ်မှသေဆုံးသူများတွင်စစ်သားသစ်များစွာပါဝင်​နေ​ကြောင်း​ဒေသတွင်းသတင်းဌာနများက​ဖော်ပြသည်။

အလားတူ ပြီးခဲ့သည့်သြဂုတ်လက စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လက်နက်ချခဲ့သူများတွင် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများနှင့် ပေါ်တာစွဲခံရသူများ အများဆုံး ပါဝင်နေကြောင်း PDFများကပြောသည်။

ဧရာဝတီတိုင်းမှ လူငယ်အချို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့သွား​ရောက်၍ စစ်ပညာသင်ယူပြီးပူး​ပေါင်း တိုက်ပွဲဝင်နေသော်လည်း တိုင်းအတွင်း၌မူ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တော်လှန်ရေးအားမကောင်း‌သော ဒေသဖြစ်သည်။

ထိုအပြင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်နှင့် နယ်‌မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စစ်ကောင်စီကစိုးရိမ်​နေ သည်။ ထို​ကြောင့်ရခိုင်ပြည်နယ်နှင့်နီးစပ်သော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် စစ်ကောင်စီကပြည်သူ့စစ်အများအပြားနှင့်အတူ လုံခြုံရေးယူထားသည်။

ယခုအခါ AA က ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိစစ်တပ်လက်ကျန်စခန်းများကိုအပြီးသတ်သိမ်းပိုက်ရန်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစပါးစိုက်ပျိုးမှု​လျော့နည်းလာပြီးမိုးစပါးစိုက်ဧက ၁၂ သိန်းကျော်အနက်ယခုနှစ်ဧက ၅ သိန်း​ကျော်သာစိုက်ပျိုးနိုင်ဟုလယ်သမားအ​​ရေး​ဆောင်ရွက်သူ​တွေ​ပြော

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။