Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စျေးဝယ်ထွက်လာသော ဒုရဲမှူးနှင့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စျေးဝယ်ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးနှင့်ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(စျေးဝယ်လာသော ရဲနှစ်ဦးအား ပစ်ခတ်ပြီးနောက်တွေ့ရစဥ်။ဓာတ်ပုံ - File)
(စျေးဝယ်လာသော ရဲနှစ်ဦးအား ပစ်ခတ်ပြီးနောက်တွေ့ရစဥ်။ဓာတ်ပုံ - File)

ဟာနာဆန်/People’s Spring

ယနေ့(နိုဝင်ဘာ ၇ ရက်) နံနက် ၆နာရီခွဲခန့်က မြိုင်မြို့မြောက်ဘက် ချောင်းဆုံဂိတ်မှ ဆိုင်ကယ်ဖြင့် စျေးဝယ်ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူး ချစ်စမ်းမောင်နှင့် ရဲတပ်သားတစ်ဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးလုံး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်သည်။

ထို့အပြင် ၎င်းတို့ ကိုင်ဆောင်လာသည့် MA -3 သေနတ် တစ်လက်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်ပကဖက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်ပကဖအဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်မှု မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခွဲ (၃)နှင့်အတူ Jokerပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိုင်ပကဖသည် မြိုင်မြို့နယ်နှင့် မြို့ပေါ်နယ်မြေများအား စိုးမိုးထားပြီး စစ်ကောင်စီတပ်အား ရိက္ခာဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ထားကြောင်း မြိုင်ပကဖက အသိပေးထားသည်။

နိုဝင်ဘာ ၆ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီးအဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစုများက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး သုံးဦးသေဆုံးပြီး သေနတ် ၃လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း M.V.P Revoulation Force အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။