Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၁၀လအတွင်း အရပ်သားပြည်သူ ၁,၀၀၀ကျော်သေဆုံး

AAPP ရဲ့ စာရင်းအရ အခုနှစ် ၁၀ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု တွေ ကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ်နီးပါး အရပ်သား သေဆုံးမှု ရှိခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့စစ်ရေးလေ့ကျင့်မှုကို တွေ့ရပုံ (ပုံဟောင်း)
စစ်ကောင်စီတပ်ရဲ့စစ်ရေးလေ့ကျင့်မှုကို တွေ့ရပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခုနှစ် ၁၀ လတာအတွင်း နိုင်ငံအဝှမ်း အရပ်သား ပြည်သူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကသတင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နေ အောက်တိုဘာ ၃၁ ရက် အထိ ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၄၀ ဦး ၊ လက်နက်ကြီးကြောင့် ၄၇၅ဦး စုစုပေါင်း ၁,၀၁၅ ဦီးသေဆုံးခဲ့ရတာပါ။

သေဆုံးသူ ၁,၀၀၀ ကျော်မှာ အမျိုးသမီးဦးရေက ထက်ဝက်နီးပါး ပါဝင်ပြီး ၄၅၁ ဦးထိ ဆုံးပါးခဲ့ရတယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။

Public Service Announcement

Public Service Announcement

AAPP ရဲ့ စာရင်းအရ အခုနှစ် ၁၀ လတာအတွင်း လေကြောင်းတိုက်ခိုက်မှု တွေ ကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ်နီးပါး အရပ်သား သေဆုံးမှု ရှိခဲ့တာပါ။

၂၀၂၄ ခုနှစ်ရဲ့ ၁၀ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဒေသဟာ ရခိုင်နဲ့ စစ်ကိုင်း တိုင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁၅၉ ဦး ၊ စစ်ကိုင်းတိုင်း က ၁၁၉ ဦး သေဆုံးခဲ့ရတယ်လို့ AAPP က ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀ လတာကာလအတွင်း မှာ တင် အရပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၇၅ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးမှုအများဆုံးဒေသကလည်း စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ် တို့က ဖြစ်ပြီး စုစုပေါင်းသေဆုံးသူဦးရေရဲ့ ထက်ဝက်နီးပါးက စစ်ကိုင်းနဲ့ ရခိုင်က ပါဝင်တာကို AAPP ရဲ့ စာရင်းမှာတွေ့ရပါတယ်။

AA ကတော့ စစ်ကောင်စီဟာ စစ်ရေးအရ အရေးနိမ့် လာချိန်မှာ ရှုံးမဲမဲ ပြီး အရပ်သားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောထားပါတယ်။

အညာဒေသ စစ်ကိုင်းတိုင်းမှာ လည်း စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့တွေက အသိပေးထားကြပါတယ်။

လွန်ခဲ့တဲ့ ၃ ရက် နိုဝင်ဘာလ ၅ရက် ညနေပိုင်းကတင် စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အိုင်းမကျေးရွာ က ကထိန်အလှုပွဲ ဗုံးကြဲခံရပြီး အမျိုးသမီးတွေအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။