Connect with us

Hi, what are you looking for?

သတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ခေါင်းဆောင်ဆီ ထောက်မပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ကို အတိုက်အခံအမတ် ဝေဖန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဘာကြောင့် ထောက်မပြခဲ့သလဲလို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် တစ်ဦးက ထိုင်းဝန်ကြီးချုပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။

မျှတခြင်းပါတီ (Fair Party)ရဲ့ထိုင်းအတိုက်အခံအမတ် Kannavee Suebsang
မျှတခြင်းပါတီ (Fair Party)ရဲ့ထိုင်းအတိုက်အခံအမတ် Kannavee Suebsang

-People’s Spring

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှင်နာဝပ်ထရာဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ မဟာမဲခေါင် ဒေသခွဲ (GMS) ထိပ်သီး ညီလာခံနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။

သူဟာ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ကို ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုဝင်ဘာ ၇ ရက်နေ့က ACMECS အစည်းအဝေး ဆက်စပ် အစီအစဉ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။

မျှတခြင်းပါတီ (Fair Party)ရဲ့ အောက်လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ကန်နာဗီ ဆူယက်ဘ်ဆန်က ဖေထောင်ထန် အနေနဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်တာတွေ အပါအဝင် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘာကြောင့် တိတိကျကျ မမေးမြန်းခဲ့သလဲလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသား ဝေဖန်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ခေါင်းဆောင်က နိုင်ငံရေး ထွက်ပေါက်တစ်ခုအဖြစ် အသုံးချဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ထိုင်းအစိုးရက ထောက်ခံ အားပေးမယ့် သဘောမျိုး ဖေထောင်ထန်က ပြောဆိုခဲ့တာကိုလည်း သူက ဝေဖန်ထားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နှင့်မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံနေစဉ်
ထိုင်းဝန်ကြီးချုပ်နှင့်မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံနေစဉ်

၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့ပြီးကတည်းက ပြည်တွင်းမှာရော၊ အရှေ့တောင်အာရှ ဒေသတွင်းမှာပါ ဂယက်ထအောင် အကြီးအကျယ် ဂြိုဟ်မွှေခဲ့ပြီး မြန်မာပြည်သူ ၃ သန်းကျော်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာလည်း မြန်မာနိုင်ငံသား အများအပြား ထွက်ပြေးခိုလှုံနေကြပါတယ်။

ကန်နာဗီကတော့ အာဏာသိမ်း မြန်မာစစ်တပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ထိုင်းက လိုက်လျော လက်ခံပြခြင်းဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ထားတဲ့ အုပ်ချုပ်သူ အစုအဖွဲ့ တစ်ခုကို ထောက်ခံ အားပေးတဲ့ အဓိပ္ပါယ် ဖြစ်လာနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးနဲ့ အာဏာရှင်ကို လိုက်လျောဆက်ဆံတဲ့ နိုင်ငံခြားရေး မူဝါဒဟာ စိုးရိမ်စရာကောင်းတယ်လို့ ထောက်ပြထားခဲ့ပါတယ်။

ကိုးကား: Thai Enquirer

(မျှတခြင်းပါတီ (Fair Party)ရဲ့ထိုင်းအတိုက်အခံအမတ် Kannavee Suebsang၊ ထိုင်းဝန်ကြီးချုပ်နှင့်မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံနေစဉ်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။