Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်မှု စစ်ရှောင်နှစ်ဦး သေဆုံး

လွိုင်ကော်မြို့နယ်၊နိုးကိုးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ (၁၀)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ရသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အရှေ့ကာလကျေးရွာမှ အပျက်အစီးများကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံတပ်ခွဲ-၁)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အရှေ့ကာလကျေးရွာမှ အပျက်အစီးများကို တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံတပ်ခွဲ-၁)

ရဲခေါင်/People’s Spring

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် ကာလကျေးရွာမှ စစ်ရှောင်ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၈ရက် ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆောက်အဦးနှင့် ယာဥ်အချို့ပါ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“အဲဒီရွာမှာ တိုက်ပွဲမရှိဘဲနဲ့ လာကြဲသွားတာ။ဆီဆိုင်ဘက် နောင်သိမ်ရွာက အသက် ၄၀ဝန်းကျင် အမျိုးသားနဲ့အမျိုးသမီးစစ်ရှောင် နှစ်ဦးဆုံးသွားတယ်”ဟု ဖြစ်စဥ်ကိုသိရှိသည့် စစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ ညနေပိုင်းကလည်း လွိုင်ကော်မြို့နယ်၊နိုးကိုးကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ (၁၀)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူလေးဦးသေဆုံးခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစ၍ ၂၀၂၄ အောက်တိုဘာလကုန်အထိ ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်အပါအဝင် ကရင်နီပြည်နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁,၇၀၀ကျော်သည်အထိ ပြုလုပ်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက အသိပေးသည်။

ထို့အပြင် သတ်ဖြတ်ခံရသောအရပ်သားပြည်သူ နှင့် စစ်ရှောင်စဥ် သေဆုံးသည့် ပြည်သူ ၆၈၄ ဦးအထိရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။