Connect with us

Hi, what are you looking for?

သတင်း

တံတားဦးနှင့် စစ်ကိုင်းတံတားထိပ်တွင် နှစ်ရက်အတွင်း လူငယ်တစ်ရာကျော် စစ်မှုထမ်းရန် ဖမ်းဆီးခံရ

တံတားဦးနှင့် စစ်ကိုင်းတံတားထိပ်တွင် နှစ်ရက်အတွင်း လူငယ်တစ်ရာကျော် စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

(စစ်သားသစ်စု​ဆောင်းခံရသူများ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်သားသစ်စု​ဆောင်းခံရသူများ။ဓါတ်ပုံ-စစ်​ကောင်စီ)

ဇေအောင်/People’s Spring

ယမန်နေ့(နိုဝင်ဘာ ၉ရက်) နံနက်ပိုင်းက စစ်ကိုင်းတံတား(ရတနာပုံတံတား)၊ စစ်ကိုင်းမြို့ဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မန္တလေးကျောက်ဝိုင်းသို့ သွားမည့် ကျောက်သမားများအပါအဝင် လူငယ်လေးဆယ်နီးပါး စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တပ်မ ၃၃ ထဲ တန်းခေါ်သွားတာ လိုက်တာလည်း မရဘူးတဲ့။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများတွင် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်မှ လူငယ်အချို့လည်း ပါဝင်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်သည် စစ်မှုထမ်းအပတ်စဥ်အသစ်စတင်တိုင်း လူငယ်များအား ဖမ်းဆီးကာ တပ်မ၃၃အတွင်းသို့ ပို့ဆောင်လေ့ရှိကြောင်း စစ်ကိုင်းမြို့ဒေသခံများကဆိုသည်။

အလားတူ ယနေ့(နိုဝင်ဘာ၁၀ရက်)နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့​ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်း​ဆီးခဲ့ရာ လူငယ် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

​”ဒုဌဝတီတံတားပေါ် အခုထိ(ညနေ၆ နာရီ)ရှိသေးတယ်။ အလုပ်ပြန်တဲ့သူတွေကို မပြန်ရဲလို့။ ဆင်ကျုံးရွာကလူတွေလည်း ပါသွားတယ်ပြောတယ်။ အလုပ်ပြန်ပေါ့။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။

တံတားဦးမြို့တွင်လည်း စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်း အပတ်စဥ်(၇)စတင်ရန် ကြိုးစားနေပြီး ဒေသအသီးသီး၌ စစ်မှုထမ်းရန်လူငယ်များအား ဆင့်ခေါ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။