Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်းကို စစ်ကောင်စီ လေကြောင်းမှလက်နက်ခဲယမ်းဖြည့်တင်းပြီး ဗျူဟာဝန်းကျင်ကို ဗုံးကြဲ

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၀ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

(ဖားကန့်မြို့၌ မော်ဝမ်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁က တွေ့ရစဥ်။ ဓာတ်ပုံ - နှောင်ရိုး)
(ဖားကန့်မြို့၌ မော်ဝမ်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေသည်ကို ၂၀၂၁က တွေ့ရစဥ်။ ဓာတ်ပုံ - နှောင်ရိုး)

အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းရိက္ခာများချပေးပြီး ဗျုဟာကုန်းဝန်းကျင်နေရာအချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို နိုဝင်ဘာ ၁၀ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

” ရဟတ်ယာဉ်တစ်စီးက အောက်ကို ဆင်းတယ်။လက်နက်ခဲယမ်းတွေချပေးသွားတယ်။ နောက်တစ်စီးက လုံခြုံရေးယူပေးတယ်။ ပြီးတော့ ဗျူဟာပတ်ဝန်းကျင်ကို ဗုံးကြဲတယ်”ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် နီးစပ်သည့်သတင်းရဲမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။

လက်ရှိတွင် KIAနှင့်PDF ပူးပေါင်းတပ်များက ဆိုင်းတောင်ကျေးရွာ ထိန်းချုပ်ထားပြီး မြို့ခံများနှင့် ဒေသခံများအတွက် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေးထားသည်။

ဆိုင်းတောင်ကျေးရွာအတွင်းရှိ Lucky Man ဟိုတယ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့သည့်စက်တင်ဘာလဆန်းတွင် KIAနှင့် PDF ပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက ဖားကန့်ဒေသ၌ လက်နက်နှင့် လူအင်အားဖြည့်တင်းနေ၍ စစ်ရေးသတင်းများ နားစွင့်နေရန်နှင့် လုံခြုံရေးသတိပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း ဖားကန့်မြို့ပေါ်တွင် လေယာဉ်ဖြင့် ကင်းထောက်ခဲ့ပြီး KIA တပ်မဟာ(၉)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသော်လည်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ကြားစောင့်တပ် ထိန်းချုပ်ထားသည့်မြို့များကို KIAနှင့်PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှုံးမဲမဲနေတဲ့ စစ်တပ်က နေ့ညမရွေး လေကြောင်းတိုက်ခိုက်နေလို့ လေကြောင်းရန် အချိန်ပြည့်ဂရုစိုက်ကြဖို့ AA ထပ်မံ တိုက်တွန်း