Connect with us

Hi, what are you looking for?

သတင်း

မြေပြန့်မဟာဗျူဟာထိုးစစ် အားကောင်းရေး စစ်ရေးပူးပေါင်းမှုမပြုရသေးသည့် တော်လှန်ရေးတပ်ဖွဲ့များအား NUG ဖိတ်ခေါ်

NUG၏ ရပ်တည်ဆောင်ရွက်မှုနှင့် တော်လှန်ရေး အခြေအနေကို လူထုနှင့် နိုင်ငံတကာသို့ အသိပေးသည့် အစီအစဉ်တွင် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

(NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်နှင့် PDF ရဲဘော်များ သိမ်းပိုက်ထား​သော စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို သွား​ရောက်စဥ်။ဓာတ်ပုံ - NUG-MOD)
(NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်နှင့် PDF ရဲဘော်များ သိမ်းပိုက်ထား​သော စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို သွား​ရောက်စဥ်။ဓာတ်ပုံ - NUG-MOD)

ဟန်နွေ/People’s Spring

မြေပြန့်မဟာဗျူဟာထိုးစစ်တွင် ထိရောက်သည့် အားဖြစ်စေရေးအတွက် စနစ်ကျသည့် စုဖွဲ့မှုမျိုးနှင့် ပူးပေါင်းမှုများအရေးကြီး၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရေးပူးပေါင်းရန် သဘောတူညီမှုရှိမထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်လာနိုင်ရေး လမ်းဖွင့်ထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောကြားသည်။

NUG၏ ရပ်တည်ဆောင်ရွက်မှုနှင့် တော်လှန်ရေး အခြေအနေကို လူထုနှင့် နိုင်ငံတကာသို့ အသိပေးသည့် အစီအစဉ်တွင် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဌိဉာဉ်ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များ အလုံးစုံပြီးမြောက်စေရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ပြည်သူ့နွေဦး တော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့်လည်း နည်းပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေသည်ဟု ကိုနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတည်ဆောက်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ Chain of Command အောက်၌ တပ်ရင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်နေသည့် တပ်ဖွဲ့များ ရှိသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် သဘောတူညီမှုနှင့်အတူ လက်တွဲနေသည့် တပ်ဖွဲ့များလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

“COC အောက်မှာ မရှိသလိုပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိမထားတဲ့ ကျန်ရှိနေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီတဲ့တော်လှန်ရေးရည်မှန်းချက်တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲ လမ်းဖွင့်ထားကြောင်းပြောလိုပါတယ်။ စတင်နေပြီဖြစ်တဲ့ မြေပြန့်မဟာဗျူဟာထိုးစစ်မှာ ထိရောက်တဲ့ အားတခုဖြစ်နိုင်ဖို့စနစ်ကျတဲ့ စုဖွဲ့မှုပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ကြဖို့ အရေးကြီးပါတယ်” ဟု ကိုနေဘုန်းလတ်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများအား ရိက္ခာနှင့် အထွေထွေအသုံးစရိတ်ပေးပို့နေမှုကိုလည်း ကိုနေဘုန်းလတ်က ရှင်းပြအသိပေးခဲ့သည်။

လက်ရှိတွင် PRF ထောက်ပို့တပ်သားများဆီမှ လစဉ် ဒေါ်လာ ၈သိန်းနီးပါးရရှိနေပြီး အဆိုပါ ငွေများဖြင့် PDF တပ်ရင်းများ၏ရိက္ခာဖိုး၊ အထွေထွေအသုံးစိတ်များ ပို့ဆောင်နေသည်ဟုဆိုသည်။

ထိုသို့ ပို့ဆောင်ရာတွင် လစဉ်ပို့ဆောင်ခြင်းမဟုတ်ဘဲ ရက် ၄၀ သို့မဟုတ် ရက် ၅၀လျင် တစ်ကြိမ် ပို့ဆောင်လျက်ရှိသည်ဟု ပြောသည်။

“တပ်ရင်းအားလုံးကို အကြိမ် တကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကျသင့်ပါတယ်။လက်ရှိ PRFက ပြီးခဲ့တဲ့ တနှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈သိန်းနီးပါးရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ လိုငွေကိုပြည်ထောင်စုဘက်ဂျက် ကနေ ဖြည့်ပါတယ်။ ပြည်ထောင်စု ဘက်ဂျက်က ရရှိငွေဟာ ရိက္ခာ၊အထွေထွေအသုံးစရိတ်မဟုတ်တဲ့ အခြားသော အရေးကြီးကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRFမှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီးလိုအပ်နေပါတယ်”ဟု ကိုနေဘုန်းလတ်က ပြောကြားသည်။

PRF ထောက်ပို့ တပ်သားများအဖြစ် ပါဝင်ပေးခြင်းမှာ မြေပြင်ရှိ PDFတပ်သားများအတွက် တိုက်ရိုက်ထောက်ကူနေခြင်းဖြစ်ပြီး တော်လှန်ရေးအောင်မြင်ရေးအတွက် ထိရောက်သည့် ထောက်ကူမှုဖြစ်သည်ဟုလည်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။