Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗိုလ်နဂါး ဆို

တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BNRA)
(ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - BNRA)

◾️မြို့သိမ်းတိုက်ပွဲသုံးရက်မြောက်နေ့တွင် စစ်ကောင်စီကလေကြောင်းမှ အပြင်းအထန်တိုက်ခိုက်

ဒီးဒီ/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မိုင်(၄၀)နီးပါးကွာဝေးသော ပုလဲမြို့ကို မြို့သိမ်း တိုက်ပွဲဆင်နွှဲနေရာ မြို့အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

“အတိုင်အတာတစ်ခုအထိတော့ ကျနော်တို့မြို့ကို ထိန်းချုပ်ထားပြီးပါပြီ”ဟု ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA ဦးဆောင်ပြီး ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်(GZA)နှင့် YSOတပ် ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ရက်တွင် စတင်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အစောပိုင်းကတည်းက တိုက်ခိုက်နေပြီး ထိုနေ့မှသာ အပြင်အထန်စတင်ခဲ့ခြငးဟု ဗိုလ်နဂါးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ သုံးရက်မြောက်နေ့ ယနေ့(နိုဝင်ဘာ ၁၃ရက်)တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ လေယာဉ်ကတော့ ထင်တယ် ဒိနေ့တစ်ရက်တည်းကို ၁၀ခေါက်အထက်မှာရှိလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒုတိယမြောက်နေ့တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဗိုလ်နဂါးက ပြောသည်။

“ အတိအကျတော့ မသိသေးဘူး။ အားလုံးကို ပြန်မစစ်နိုင်သေးလို့။ ရှေ့လုပ်ငန်းစဉ်ပဲ အာရုံစိုက်နေရလို့”ဟု ၎င်းက ဆက်ပြောသည်။ ထို့အပြင် တိုက်ပွဲအတွင်း ရဲဘော်အချို့လည်း ထိခိုက်မှုအနည်းငယ်ရှိသည် ဆိုသည်။

တိုက်ပွဲကြောင့် ပုလဲမြို့ပေါ်နှင့် မြကုန်း၊ ချောင်းကန်၊ သာယာကုန်းအစရှိသည့် ကျေးရွာများအပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာ ၇ရွာခန့်မှ ဒေသခပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

“လက်နက်ကြီးသံ၊ လက်နက်ငယ်သံကြားတာက ၄ နာရီ ၁၀မိနစ်လောက်စကြားကတည်းက ပြေးရတာ။”ဟု ဒေသခံတစ်ဦးက တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့က အခြေအနေကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပုလဲမြို့ကို ကာ​ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း လက်နက်ခဲယမ်းမလုံလောက်၍ဆိုကာ ပြန်လည်ဆုတ်ခွာပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အလယ်ပိုင်းတိုင်း၊စစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော်အလင်းဝင်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အထဲမှာ စစ်တပ်နဲ့ပူး​ပေါင်းတဲ့ PDF တစ်ရာ​ဝန်းကျင်သာပါနိုင်ပြီး စစ်တပ်ကလိမ်လည်ထုတ်ပြန်တာလို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တပ်ရင်းမှူးတွေကပြောပါတယ်။

ဆောင်းပါး

စက်ဆုပ်ဖွယ်အကောင်းဆုံးရာဇဝတ်သားအဖြစ် နာမည်ကြီးတဲ့ဂျက်ဖရီအက်ပ်စတိန်း (Jeffrey Epstein)က Little Saint James ကျွန်းမှာနေထိုင်ပြီး ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ မိန်းကလေးငယ်တွေကို ပွဲတော်တည်ခဲ့သူအဖြစ်ကမ္ဘာ့သတင်းတွေက ဖော်ပြပါတယ်။ကာရစ်ဘီယံပင်လယ်ထဲက Little Saint James ကျွန်းဟာ လူအဖွဲ့အစည်းနဲ့ ဝေးကွာရာအရပ်က ဆိတ်ကွယ်ရာနေရာဖြစ်ပါတယ်။

သတင်း

ပုလဲမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။