Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့လယ်မီးပွိုင့်တွင် ပစ်ခတ်မှုဖြစ်၊ စစ်တပ်က ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(မုံရွာမြို့လည်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့လည်တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရန်ကင်းမီးပွိုင့်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က လိုက်လံပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၄ရက်) နံနက် ၇ နာရီခွဲခန့်က မုံရွာမြို့၊ကျောက္ကာလမ်း၊ ရန်ကင်းရပ်ကွက်တွင် ကင်းစောင့်နေသော ရဲအရာခံဗိုလ် တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့အား ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပလဖအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ သေနတ် တစ်လက်ရရှိခဲ့ကြောင်း ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဆိုင်ကယ်တစ်စီးက လဲနေတယ်။ သူတို့ကားနှစ်စီးက ပိတ်ရပ်ထားတယ်။ ကျွန်တော်တို့လည်း ကြောက်လို့ လမ်းကြားထဲ ပြေးဝင်ရတာ။”ဟု အမည်မဖော်လိုသည့် မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကင်းမီးပွိုင့်အနီးရှိ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရောက်ရှိနေစဥ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ထို့အပြင် ပစ်ခတ်မှုအနီးရှိ စျေးသည်တစ်ဦးလည်း ထိခိုက်မှုရှိပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ​မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းကလည်း မုံရွာမြို့အဝင် တိုးဂိတ်တွင် လမ်းကင်းယူရန်ထွက်လာသော စစ်ကောင်စီကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။