Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့တောင်ဘက်ခြမ်းက မထောတပ်စခန်းကို KNU စတင်တိုက်ခိုက်

ဖာပွန်မြို့အနီးမှာ လည်း အခြေချစစ်ဗျုဟာ နဲ့ တပ်ရင်း နှစ်ရင်းကျန်ရှိနေပြီး KNU နဲ့ ပူးပေါင်းတပ် က ဝန်းရံပိတ်ဆို့ ထားတာပါ။

ကူးဆိပ်စခန်းကိုတွေ့ရစဉ်
ကူးဆိပ်စခန်းကိုတွေ့ရစဉ်

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်မြို့က ကူးဆိပ်စခန်းကို သိမ်းယူပြီး ရ​က်ပိုင်းအကြာမှာပဲ မြို့ တောင်ဘက်မှာ ရှိတဲ့ မထောတပ်စခန်းကို KNU တပ်မဟာ (၅)ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကူးဆိပ်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မထောတပ်စခန်းမှာ သွားရောက် ပူးပေါင်းနေကြပြီး လက်ရှိ အဲဒီစခန်းမှာ စုစုပေါင်းအင်အား ၈၀ ခန့် ရှိနေတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

“မထောစခန်းကို စတင်ပစ်ပြီလို့တော့ကြားတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မထောတပ်စခန်းက ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာ တည်ရှိပြီး ဖာပွန်မြို့နဲ့တော့ ၁၀ မိုင့်ခန် ဝေးပါတယ်။

ဖာပွန်မြို့အနီးမှာ လည်း အခြေချစစ်ဗျုဟာ နဲ့ တပ်ရင်း နှစ်ရင်းကျန်ရှိနေပြီး KNU နဲ့ ပူးပေါင်းတပ် က ဝန်းရံပိတ်ဆို့ ထားတာပါ။

ဖာပွန် – ကတိုင်တိ – ကမမောင်း ကားလမ်းမှာ စစ်ကောင်စီ တပ်ရဲ့ မထောစခန်း၊ တောင်သုံးလုံး ၊ ကတိုင်တိ၊ ကညင်ဒုံ နဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၃ တပ်ရင်း ၊ အမှတ် ၁၀၁၄ တပ်ရင်း တို့အပြင် ကမမောင်း ဗျုဟာ စခန်းတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိန်းချုပ်ထားတဲ့ ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က မတ်လ ၁၉ ရက်မှာ ဗုံးကြဲ တိုက်ခိုက်လာတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။

သတင်း

ဖာပွန်မှာစစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူတာ ၊ ဝန်းရံပိတ်ဆို့တာတွေ ပြုလုပ်ထားတာပါ ။

သတင်း

စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။