Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မြို့ မထောစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းအများအပြားရဟု KNUအသိပေး

စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - တပ်မဟာ(၅)
ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - တပ်မဟာ(၅)

ထားမြတ်/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းကို ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)က သတင်းအသိပေး ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ မဟာဗျူဟာကျသည့် မထောအခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နှင့် ခမရ(၄၀၄)တပ်စခန်းတို့အား ယနေ့ နံနက် ၇နာရီ ၄၈မိနစ်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - တပ်မဟာ(၅)
ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – တပ်မဟာ(၅)

အဆိုပါတပ်စခန်းမှ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်​၏ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု စာရင်းအချက်အလက်ပြည်စုံအား အချိန်နှင့်တပြေးညီဆက်လက်တင်ပြပေးမည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မထောစခန်းသည် ဖာပွန်မြို့တောင်ဘက်(၁၀) မိုင်ခန့်အကွာတွင်တည်ရှိပြီး နိုဝင်ဘာဒုတိယပတ်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်ခန့်အကြာတွင် စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - တပ်မဟာ(၅)
ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – တပ်မဟာ(၅)

“မထောစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းပိုက်လို့ရပြီဆိုတာ အတည်ပြုလို့ရပြီနော်။ အခုစခန်းထဲမှာတော့ ရန်သူ(စစ် ကောင်စီ)မရှိတော့ဘူး”ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့ ညနေပိုင်းတွင် ပြောသည်။

အင်အား ၈၀ခန့်ရှိသည့် မထောစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဗိုလ်မှူးကြီးက ပြောသည်။

စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - တပ်မဟာ(၅)
ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ – တပ်မဟာ(၅)

ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်ပိုင်းတွင် စစ်ကောင်စီ​၏ တောင်သုံးလုံးစခန်း၊ ကတိုင်တိစခန်း၊ ကညင်ဒုံစခန်း၊ နယ်ခြားစောင့်တပ် အမှတ်(၁၀၁၃)တပ်ရင်း၊ အမှတ်(၁၀၁၄)တပ်ရင်းဌာနချုပ်နှင့် ကမမောင်းဗျူဟာတို့ ကျန်ရှိနေသည်။

ထို့ပြင် ဖာပွန်မြို့အပြင်တွင် စစ်ကောင်စီတပ်၏ အခြေချ စစ်ဗျုဟာလည်း ကျန်ရှိနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။