Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုနောက်ဆက်တွဲ ရုန်းကန်နေရတဲ့ မြန်မာ့အနုပညာ

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အနုပညာသမား အများအပြားဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်တွင်းမှာ ကျန်နေသူတွေကလည်း တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှုတွေ၊ ကန့်သတ်ခံထားရတဲ့ အခွင့်အရေးတွေနဲ့ ရုန်းကန်နေကြရပါတယ်။

ပန်းချီထိန်လင်း၏ အနုပညာလက်ရာတစ်ခု။ ဓါတ်ပုံ-Htain Lin
ပန်းချီထိန်လင်း၏ အနုပညာလက်ရာတစ်ခု။ ဓါတ်ပုံ-Htain Lin

-People’s Spring

အာဏာသိမ်းမှုအပြီး ၃ နှစ်ခွဲကျော် ကြာမြင့်လာတဲ့နောက် နိုင်ငံရဲ့ တခြားသော ကဏ္ဍပေါင်းစုံနည်းတူ အနုပညာကဏ္ဍမှာလည်း ထိခိုက်ယိုယွင်းမှုတွေ၊ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

The Art Newspaperက နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ Myanmar’s cultural life continues to deteriorate amid civil warဆိုတဲ့ ဆောင်းပါးမှာတော့ အနုပညာသမား ဖန်တီးသူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြထားပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အနုပညာသမား အများအပြားဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်တွင်းမှာ ကျန်နေသူတွေကလည်း တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှုတွေ၊ ကန့်သတ်ခံထားရတဲ့ အခွင့်အရေးတွေနဲ့ ရုန်းကန်နေကြရပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Thavibu Art Advisoryရဲ့ အမှုဆောင်ချုပ် ဂျွန်မစ်ဒယ်လ်ဘော့က မြန်မာနိုင်ငံမှာ စီးပွားရေးက လုံးဝ ပြိုကျနေပြီး လောင်စာဆီ ပြတ်တောက်မှုတွေကိုလည်း မကြာခဏ ကြုံကြရကြောင်း ပြောပါတယ်။ ပြည်တွင်းမှာ အနုပညာ ပြပွဲတွေ ဆက်လက် ကျင်းပနေဆဲ ဖြစ်ပေမယ့် တင်းကျပ်တဲ့ ဆင်ဆာ စည်းမျဉ်းတွေကို ရင်ဆိုင်နေရပြီး အာဏာသိမ်း စစ်ကောင်စီ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကိုလည်း လိုအပ်ပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး အဲဒီ ဥပဒေကို ရှောင်ပြေးသူတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ လပိုင်းက လူပေါင်း သိန်းနဲ့ချီ ဒုက္ခကြုံခဲ့တဲ့ ရေဘေးသင့်မှုတွေကလည်း ပြည်သူတွေရဲ့ အကျပ်အတည်းကို ဆိုးသထက် ဆိုးအောင် နစ်မွန်းစေခဲ့ပါတယ်။

ပြည်တွင်း အခြေအနေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဥရောပတို့ အပါအဝင် နိုင်ငံရပ်ခြားကို စွန့်စား ထွက်ခွာခဲ့တဲ့ အနုပညာသမားတွေကတော့ နယ်မြေသစ်မှာ အသိအမှတ်ပြု ခံရဖို့ ရုန်းကန်ရပြန်ပါတယ်။ တချို့သော အနုပညာလက်ရာ အနည်းအကျဉ်းကတော့ ဗြိတိသျှ ပြတိုက်လို အထင်ကရ နေရာတွေရဲ့ ပြပွဲတွေမှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ခြုံကြည့်မယ်ဆိုရင် မြန်မာ့ အနုပညာ လက်ရာတွေဟာ အရှေ့တောင်အာရှ အနုပညာ စျေးကွက်ထဲမှာ အတော်ကြီး နေရာပျောက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြေပုံက အနုပညာ စျေးကွက်ထဲမှာ ပျောက်ဆုံးနေသလိုမျိုး ခံစားရ့တယ်လို့ Karin Weber ပန်းချီပြခန်းရဲ့ အရာရှိ စတက်ဖနီ ဘရောင်က ပြောပါတယ်။ ပြည်တွင်းမှာ အနုပညာ လက်ရာတွေကို တန်ဖိုးထား ရောင်းဝယ်မှုတချို့ လည်ပတ်နေဆဲ ဖြစ်ပေမယ့် နိုင်ငံတကာ စျေးကွက်ထဲမှာ မြန်မာ အနုပညာ လက်ရာတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေဆဲ ဖြစ်သလို ဥရောပ နိုင်ငံတွေလို ပြည်ပ အခြေစိုက် အနုပညာသမားတွေရဲ့ လက်ရာတွေကို မြန်မာနိုင်ငံမှာ ရောင်းချဖို့ကလည်း ကန့်သတ်ချက်တွေ၊ အတားအဆီးတွေ များပြားလွန်းနေဆဲပါ။

တစ်ချိန်တည်းမှာပဲ ကိုယ်တိုင်က ရုန်းကန်နေတဲ့တိုင် ပြည်ပရောက် မြန်မာ အနုပညာသမားတွေဟာ ဇာတိနိုင်ငံရဲ့ ပြည်တွင်း အကျပ်အတည်းတွေကို နိုင်ငံတကာ အာရုံစိုက်မှု ရရှိစေဖို့ အစွမ်းရှိသမျှ ရုန်းကန် ကြိုးစားပေးနေကြပြန်ပါတယ်။ ပြည်ပမှာ ပြုလုပ်တဲ့ အနုပညာ ပြပွဲတွေဟာ မြန်မာ့ဒီမိုကရေစီရေး အားထုတ်မှုတွေကို ဖွင့်ဆိုပြသခဲ့ပြီး စစ်တပ်ရဲ့ ယုတ်မာကြမ်းကြုတ်တဲ့ ကြီးစိုးမှုအောက် ရှင်သန် ဖြတ်သန်းနေရတဲ့ ပြည်သူတွေရဲ့ အသံကို ပြသတဲ့ ရှားပါးတဲ့ ပလက်ဖောင်း တစ်ခုအဖြစ်လည်း ရပ်တည်ပေးနေကြပါတယ်။

(ကိုးကား- The Art Newspaper မှာ​ဖော်ပြတဲ့ Myanmar’s cultural life continues to deteriorate amid civil war ​ဆောင်းပါးအားကိုးကား၍​​ရေးသားထားတာဖြစ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

သတင်း

တော်လှန် အနုပညာရှင် Rဇာနည်က သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်ကို ဒီနေ့မှာ သူ့ရဲ့ ယူကျူ့ကနေ Music Video နဲ့ အတူတင်ပေးထားပါတယ်။

Facebook