Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်း ရွာပေါင်း ၅၀ ခန့်က ဒေသခံတွေ စစ်ရှောင်နေရ

မတ္တရာမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ” နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်” လို့ ပြောပါတယ်။

မတ္တရာအနောက်ခြမ်း ရွာပေါင်း ၅၀ ခန့်က ဒေသခံတွေ စစ်ရှောင်နေရ
မတ္တရာအနောက်ခြမ်း ရွာပေါင်း ၅၀ ခန့်က ဒေသခံတွေ စစ်ရှောင်နေရ

ဆိုင်းမင်း/People’s Spring

မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ မိုင် ၃၀ ပတ်ချာလည်အကွာအဝေးအတွင်းမှာရှိတဲ့ မတ္တရာမြို့နယ် ၊ ဧရာဝတီမြစ်ရိုးတလျှောက်ရွာပေါင်း ၅၀ နီးပါးက ဒေသခံပြည်သူတွေ စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျောက်က ရွာတွေကို စစ်ကောင်စီတပ်က မြေပြင်က စစ်ကြောင်းထိုးတာ၊လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်နေကြရတာလို့ ဒေသခံအချို့ဆီကသိရပါတယ်။

စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ သုံးဆယ်ပေးကျေးရွာကို ပြန်လည်သိမ်းယူပြီးနောက် မြစ်ရိုးတလျောက် ရွာတွေကိုဝေဟင်၊ မြေပြင်ပစ်ကူယူပြီး စစ်ကြောင်းထိုးနေတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် သုံးဆယ်ပေးကျေးရွာရဲ့မြောက်ဘက်ခြမ်းက ဝေါ ၊ ဝန်းစု၊ ထိန်ပင်ဇောက် ၊ မြွေ ၁၄ ရွာ အပါအဝင် ကုန်းတန်းလေ၊ ကုန်းတန်းကြီး၊ ဆူးလေကုန်း၊ ဘိုကုန်း၊ဘုရားမကုန်း၊ရွှေဘောင်၊သဖန်းဒေါင့်၊သနပ်ကုန်း၊ငယ်တို့၊အလယ်ရွာစတဲ့ ရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ” နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၈ ရက်က ကျောက်ချဥ်ပေါက်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ လည်း သိမ်းဆည်းရမိတယ်လို့အသိပေးပါတယ်။

မတ္တရာမြို့အနောက်ခြမ်းမှာ ပြီးခဲ့ ဇူလိုင်လပိုင်းစတင်ကာ တိုက်ပွဲတွေဖြစ်ပွားပြီး နိုဝင်ဘာလလယ်ပိုင်းမှာတော့ ပိုမိုပြင်းထန်လာတာပါ။

စစ်ကောင်စီတပ် က မတ္တရာမြို့ပေါ်ရှိ ဘောလုံးကွင်းထဲကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို မန္တလေး-မတ္တရာကားလမ်းပိုင်းအနီး ကျေးရွာတွေကနေ မတ္တရာအနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မတ္တရာနယ်မှာ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း သံဃာ၊ ကလေးငယ်တွေပါအဝင် အရပ်သား ၁၆ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေထံက ကောက်ယူတဲ့စာရင်းအရသိရပါတယ်။

ဝေါစုရွာမှာ သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၁၂ ဦး၊ မြွေတလှိုင်းကျေးရွာမှာ သားအမိ ၂ ဦး၊ ထိန်ပင်ဇောက်ကျေးရွာက ၂ဦး စုစုပေါင်း ၁၆ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။