Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့တွင်းတိုက်ပွဲပြင်းထန်​နေ

လက်ရှိ ပြင်းထန်နေသော တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်သည့် လေကြောင်းနှင့် လက်နက်ကြီးထိမှန်၍ အရပ်သားအချို့ထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။

တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်
တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ်

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ထဲ၌ မြို့တွင်းတိုက်ပွဲဖြစ်နေပြီး ဒေသခံပြည်သူ သုံးသောင်းခန့် မြို့တွင်း၌ ပိတ်မိနေသလို လေကြောင်းနှင့် လက်နက်ကြီးထိမှန်၍ အရပ်သားထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။

အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီသည် နိုဝင်ဘာလ ၁၅ ရက်မှစ၍ တောင်ကုတ်မြို့ပေါ်၌ မြို့တွင်းထိတွေ့မှုစတင်ဖြစ်ပြီး နိုဝင်ဘာလ ၁၇ရက်တွင် KBZ ဘဏ်အနီး၌ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း မြို့ပြင်ဘက်၌ စစ်ဘေးရှောင်နေသူတစ်ဦးကပြောသည်။

” မြို့ထံမှာ ပိတ်မိနေသူတွေက များတယ်။ အရင်ရက်ကတော့ တပ်တော်(AA)ဘက်က ထိုးစစ်ရပ်ပြီး အရပ်သားတွေကို ထွက်ခိုင်းသေးတာ။ ဒါပေမယ့် အကုန်မထွက်နိုင်ဘူးလေ။ အခုက တိုက်ပွဲမရှိတဲ့နေရာကို ပြေးပုန်း၊ ပြေးခို လုပ်နေရတယ်ဗျ။ ပြဿနာကတော့ စားဖို့သောက်ဖို့တောင် ခက်နေကြတယ်ဗျ။ စစ်တပ်ကလည်း နေ့တိုင်း လေကြောင်းပစ်တယ်ဗျ” ဟု အဆိုပါ စစ်ဘေးရှောင်ကပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်​တောမြို့ တွင်းတိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ
ပေါက်​တောမြို့ တွင်းတိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ

လက်ရှိတွင် တောင်ကုတ်မြို့၌ ဒေသခံပြည်သူ သုံးသောင်းခန့် ပိတ်မိနေပြီး ၎င်းတို့အား ဘေးကင်းရာပို့ဆောင်ရေးနှင့် လတ်တလောစားနပ်ရိက္ခာအကူအညီပေးနိုင်ရေးသည် အရေးပေါ်အခြေအနေဖြစ်နေကြောင်း စစ်ဘေးရှောင်တစ်ဦးကပြောသည်။

လက်ရှိ ပြင်းထန်နေသော တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်သည့် လေကြောင်းနှင့် လက်နက်ကြီးထိမှန်၍ အရပ်သားအချို့ထိခိုက် သေဆုံးမှုများလည်း ရှိနေသည်။

နိုဝင်ဘာလ ၁၇ရက်က KBZ ဘဏ်အနီးတိုက်ပွဲအတွင်း အသက်(၄၀)အရွယ်ခန့် LGBT တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့သည်။ ထို့အပြင် တောင်ကုတ်မြို့၊ ရန်ခိုကျေးရွာကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲပြီး လက်နက်ကြီးပစ်မှုကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

ထို့အပြင် အရပ်သားထိခိုက်မှုများလည်း ရှိနေပြီး လတ်တလော အရေး ပေါ်အခြေအနေတွင် အတည်ပြုနိုင်ခြင်းမရှိသေးဟု စစ်ဘေးရှောင်‌နေသူအချို့ကပြောသည်။တောင်ကုတ်မြို့ပေါ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေသည်။

တောင်ကုတ်မြို့တွင် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းတို့ရှိပြီး စစ်ကောင်စီက ယင်းနေရာများမှနေ၍ လက်နက်ကြီးများ ပစ်ခတ်နေသည်။ ထို့အပြင် ရခိုင်စစ်ပွဲ ၁ နှစ်ပြည့်သည့် နိုဝင်ဘာလ ၁၃ရက်နောက်ပိုင်း စစ်ကောင်စီက လေကြောင်းမှ နေ့စဉ် တိုက်ခိုက်​နေကြောင်း သိရသည်။

တောင်ကုတ်မြို့တွင်းတိုက်ပွဲပြင်းထန်​နေ
တောင်ကုတ်မြို့တွင်းတိုက်ပွဲပြင်းထန်​နေ

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်၊ အမ်း၊ ဂွနှင့် မောင်တောမြို့များကို အြီးသတ်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေပြီး သိမ်းပိုက်လုနီးပြီဟု စစ်ဆင်ရေး ၁နှစ်ပြည့်သည့် AAက နိုဝင်ဘာလ ၁၃ရက်၌ ထုတ်ပြန်ခဲ့သည်။ AA က ရခိုင်ပြည်နယ်တွင်ညမြို့နယ်​ပေါင်း ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး ၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေခြင်းဖြစ်ကာ၊ တိုက်ပွဲများပြင်းပြင်းထန်ထန်မဖြစ်​သေးသည်မှာ စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်တို့သာကျန်ရှိ​သည်။

(​တောင်ကုတ်မြို့အဝင်ဆိုင်းဘုတ် /​ပေါက်​တောမြို့ တွင်းတိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ/ ရခိုင်ပြည်နယ်စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်။ ဓါတ်ပုံ- AA Info Desk ၊MOI ၊ CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို

သတင်း

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။