Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့တွင် တိုက်ပွဲပြင်းထန်နေ၍ ပြည်မြို့အပါအဝင် ရခိုင်နှင့်ထိစပ်မြို့အချို့ စတင်စစ်ရှောင်

လက်ရှိတွင် အမ်းမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဟု မြို့ခံများထံမှဘသိရသည်။

(ရခိုင်ပြည်နယ်ရှိ AAတပ်တော် သိမ်းပိုက်ထားသော မြို့များနှင့် စစ်ရေးအခြေအနေပြ အင်ဖိုဂရပ်)
(ရခိုင်ပြည်နယ်ရှိ AAတပ်တော် သိမ်းပိုက်ထားသော မြို့များနှင့် စစ်ရေးအခြေအနေပြ အင်ဖိုဂရပ်)

အိမ်သွင်/People’s Spring

တောင်ကုတ်မြို့၌ တိုက်ပွဲပြင်းထန်နေ၍ ပြည်မြို့အပါအဝင် ပဲခူးတိုင်းမှ နယ်မြေချင်းဆက်စပ်မြို့နယ်များမှ ဒေသခံအချို့သည် ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သည် ရခိုင်ရိုးမခြားလျက် မြို့များဖြစ်သော ပြည်မြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိမြို့အချို့ ၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းအတွင်းရှိမြို့အချို့ ဆပ်စပ်နေပြီး အဆိုပါ မြို့များ၌ စစ်ကောင်စီက အင်အားတိုးနေသည်။ တချိန်တည်းတွင် ဒေသခံအချို့သည် ဒေသတွင်း၌ ဖြစ်လာနိုင်ဖွယ်ရှိသည့် တိုက်ပွဲများအတွင်း အန္တရာယ်ကင်းစေရေးအတွက် စတင်တိမ်းရှောင်လာကြသည်။

” ကျတော့် ကလေးတွေနဲ့ မိဖတွေကို ရန်ကုန်ကိုပို့ထားတယ်။ စစ်တပ်က လေကြောင်းတွေတောက်လျှောက်ပျံနေသလို ကားတွေလည်း မျက်စိနောက်လောက်အောင် သွားလာနေတော့ စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံလာတယ်။ နောက်ပြီး အခြေအနေတွေက ဘာဖြစ်မယ်လို့ မှန်းဆလို့ မရတာမို့ မနေရဲတော့တာတွေ ဖြစ်လာတယ်”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ချိတ်ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင်လည်း စစ်ရေးတင်းမာမှုရှိနေပြီး အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်များက နယ်မြေစိုးမိုးမှုယူထားသည်။

” ပဒါန်းက ဒုတိယတောင်းခမ်းလို့ ပြောနေကြတယ်။ ပဒါန်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ သတင်းတွေထွက်နေပြီး ဒေသခံတွေစပြီးရှောင်နေကြပြီ”ဟု မကွေးတိုင်း၊ မင်းဘူးမြို့ခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ဇွန်လဆန်းကစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆)နှင့် ခမရ (၅၄၄)ကို AAက နိုဝင်ဘာ၁ရက်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တပ်ရင်းများကို ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး တိုက်ခိုက်နေကြောင်း AAက အောက်တိုဘာ ၇ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

စကခ(၅)နှင့် သုံးမိုင်ခန့်ဝေးသည့် ပန်းမြောက် တောင်ပေါ်မှ စစ်ကောင်စီ​၏ အမြောက်တပ် စခန်းကို AA က အောက်တိုဘာ ၃၀ရက်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် သိမ်းပိုက်ရရှိပြီဟု ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနအချို့က ဖော်ပြထားသည်။ ထို့အပြင် မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

“တောင်ကုတ်တိုက်ပွဲက မြို့နားအထိကိုရောက်လာပါတယ်။ တောင်ကုတ်ကို တပ်‌တော်(AA)က သိမ်းယူနိုင်ပြီဆိုရင် သူနဲ့ဆက်စပ်မြို့နယ်တွေမှာလည်း AAနဲ့ မဟာမိတ်တွေက တိုက်ပွဲတွေဖော်ဆောင်လာနိုင်တယ်။ ဒါကို ကြိုတင်မှန်းဆပြီး ပြင်ဆင်ထားတာက ဒေသခံတွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လဲဆိုရင် တပ်တော်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးရည်မှန်းချက်တွေရှိနေတယ်”ဟု AAနှင့် နီးစပ် သည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် အမ်းမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်စခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဟု မြို့ခံများထံမှဘသိရသည်။

အမ်းနှင့် တောင်ကုတ်မြို့အပြင် ဂွ၊ ကျိန္တလီနှင့် မောင်တောမြို့များ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။ လတ်တလောဒေသတွင်းတိုက်ပွဲများနှင့်ပတ်သက်၍ AAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။