Connect with us

Hi, what are you looking for?

သတင်း

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့တိုက်ခိုက်၊ ပြည်သူ့စစ်ခေါင်းဆောင် ဒဏ်ရာရ

ပြည်သူ့စစ်အင်အား ၃၀ခန့်ရှိသည့် လင်းဦးပြည်သူ့စစ်အဖွဲ့ကို နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ရေးဘီးလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး)

ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့က ယနေ့(နိုဝင်ဘာ ၂၃ရက်)ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် လင်းဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ပြည်သူ့စစ်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ပြည်သူ့စစ်အင်အား ၃၀ခန့်ရှိသည့် လင်းဦးပြည်သူ့စစ်အဖွဲ့ကို နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ရေးဘီးလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သူ့ကို ဝင်ရောက်ရှင်းလင်းခဲ့တဲ့ နေရာကတော့ သူ့ရဲ့ ရုံးအရှေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်” ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးအပါအဝင် ၅ဦးထက်မနည်း ထိခိုက်ခဲ့သည်ဟု ဆိုသည်။

“ ကျ(သေဆုံး)တာက ၄၊ ၅ဦးလောက်ရှိမယ်။ သူကျတော့ ဒဏ်ရာပြင်းထန်တယ်။ လည်ပင်းထိတယ်။ ညာဘက်လက်ထိတယ်။ ဘယ်ဘက်လက်ထိတယ်။ ဗိုက်ထိတယ်။ ပေါင်ထိတယ်။ ပတ်ပတ်လည် တပြင်လုံးထိထားတာ။ အခုလောလောဆယ်တော့ မသေသေးဘူးပေါ့။ သေဖို့တော့ ရာခိုင်နှုန်းများတယ်လို့ သတင်းရထားတယ်” ဟု ရေးဘီလူးခေါင်းဆောင်က ပြောသည်။

လင်းဦးပြည်သူ့စစ်အဖွဲ့ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က လူမှုကွန်ရက်၌ ဖော်ပြထားသည်။

ရေးဘီလူးအဖွဲ့သည် ယခင်ကလည်း လင်းဦးပြည်သူ့စစ် အဖွဲ့အပါအဝင် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရဲ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။