Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၅ဦးသေ၊ တော်လှန်ရေးရဲဘော် ၂ဦးကျဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

ဒေါနစစ်ကြောင်းမှ ရဲဘော်များအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

သက်ဝေ/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်မှုရှိခဲ့သည်။

အောက်တိုဘာ ၁၇ရက် နံနက်တွင် ရေး – သံဖြူဇရပ် ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီးတွင် တပ်စွဲထားသော ခမရ(၅၈၈)မှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မွန် ပြည်တော်လှန်ရေးတပ်(MSRF)နှင့် ဒေါနစစ်ကြောင်းတို့က ယနေ့(အောက်တိုဘာ ၁၉ရက်) တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဠ် အပါဝင် ၅ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြာင်းနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ MA1 တစ်လက်နှင့် MA 2 တစ်လက်သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် လက်ရှိစစ်ရေး အခြေအနေများကို MSRF တာဝန်ရှိသူထံဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ထို့အပြင် သေဆုံး၊ဒဏ်ရာရ စစ်‌ကောင်စီတပ်သားများအား လူနာတင်ယာဉ် ၄စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွားကြောင်း သိရသည်ဟုလည်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီ ယာယီအထိုင်စခန်းအား ဝင်ရောက်စီးနှင်းတိုက်ခိုက်စဉ် ခလရ (၁၀၆) မှ ၈၁မမ လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ပြီး စံပြကျေးရွာအတွင်းသို့ ၃လုံးကျရောက်ပေါက်ကွဲခဲ့ဟုဆိုသည်။

အဆိုပါတိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေးတပ်ခွဲ၊ရေးပျောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ(၃) ၊KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ YPDF

တို့မှပူးပေါင်းပြီး စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။