Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် မီတာမဆောင်၍ဆိုကာ စစ်တပ်က မီတာပုံးများလိုက်ဖြုတ်နေ

စစ်ကောင်စီက မီတာခများ အတင်းအကျပ်ကောက်ခံနေသော်လည်း လျှပ်စစ်မီးရရှိမှာ မုံရွာမြို့ပေါ်၌ တစ်ရက်လျှင် ၃နာရီခန့်သာရရှိကြောင်း မြို့ခံများက ပြောသည်။

(လျှပ်စစ်မီတာနံပါတ်ကိုကြည့်ရှုနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ပီ)
(လျှပ်စစ်မီတာနံပါတ်ကိုကြည့်ရှုနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ပီ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မီတာမဆောင်၍ဆိုကာ စစ်တပ်က နေအိမ်များအပါအဝင် မီးသတ်ရုံး၊ ရပ်ကွက်ရုံးများရှိ လျှပ်စစ်မီတာပုံးများ လိုက်လံဖြုတ်သိမ်းနေကြောင်း မြို့ခံများက ပြောသည်။

ယခု နိုဝင်ဘာလကုန်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုရားကြီး၊ အောင်ချမ်းသာ၊ ဘုန်းစိုး၊ ဆူးလေကုန်း၊ ရုံးကြီး၊ မြို့သစ်၊ အောင်ရိပ်သာ အစရှိသည့်ရပ်ကွက်များမှ မီတာမဆောင်သည့် နေအိမ်များအား စစ်တပ်၊ထွေအုပ်နှင့် အရပ်ဝတ် လက်နက်ကိုင်များ အင်အား ၂၀ခန့်ဖြင့် မီတာပုံးများလိုက်လံဖြုတ်သိမ်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

“ လေးငါးရက်လောက်ရှိပြီ။ မီတာတွေဖြုတ်တာရက်စက်တယ်။ အိမ်ပိတ်ထားတဲ့အိမ်က လေးသိန်းတဲ့။ အိမ်မပိတ်ဘူး ဒီတိုင်းသုံးနေတဲ့အိမ်က ပိုက်ဆံရှိရင်ဆယ်သိန်း။ ပိုက်ဆံမရှိရင် ၇ သိန်း။ နည်းနည်းချမ်းသာသွားရင် ၁၇သိန်း၊ သိန်း ၂၀ အဲလိုတောင်းတာ။” ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မီတာပုံးအဖြုတ်ခံရမှုတွင် မီးသတ်ရုံးနှင့် ရပ်ကွက်ရုံးများလည်း ပါဝင်ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

“ ဒီမနက် အင်းစောင်းထဲ ရပ်ကွက်ရုံး၊ မီးသတ်ရုံးက မီတာတွေပါဖြုတ်သွားတယ်။” ဟု အဆိုပါအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအား ဘဏ္ဍာငွေဖြတ်တောက်သည့် လှုပ်ရှားမှုအဖြစ် လျှပ်စစ်မီတာခများ မပေးဆောင်ရန် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ မုံရွာမြို့နေပြည်သူများမှာ လေးနှစ်နီးပါး မီတာခပေးဆောင်ခြင်းမရှိဘဲ ပါဝင်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီက မီတာခများ အတင်းအကျပ်ကောက်ခံနေသော်လည်း လျှပ်စစ်မီးရရှိမှာ မုံရွာမြို့ပေါ်၌ တစ်ရက်လျှင် ၃နာရီခန့်သာရရှိကြောင်း မြို့ခံများက ပြောသည်။

၂၀၂၂ ဇွန်လအတွင်းက မုံရွာမြို့တွင် မီတာပုံးများလိုက်ဖြုတ်နေသည့် မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

Facebook