Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ICC၌ ဖမ်း၀ရမ်းထုတ်ရန်ကြိုးပမ်းမှု နွေဦးတော်လှန်ရေးအတွက် အားတက်စရာဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးကာလအုပ်ချုပ်မှု ဖော်ဆောင်ရေးလုပ်ငန်းသည် စစ်ရေးနောက်မှ လိုက်ပါရသည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

(NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF ရှေ့တန်းစစ်စခန်းသို့ သွားရောက်ပြီး ရဲဘော်များနှင့်တွေ့ဆုံနေသည်ကို ၂၀၂၂ ဇွန်လကတွေ့ရစဉ်။ ဓာတ်ပုံ - PVTV)
(NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF ရှေ့တန်းစစ်စခန်းသို့ သွားရောက်ပြီး ရဲဘော်များနှင့်တွေ့ဆုံနေသည်ကို ၂၀၂၂ ဇွန်လကတွေ့ရစဉ်။ ဓာတ်ပုံ - PVTV)
▪️စစ်ရေး၊ နယ်မြေစိုးမိုးရေးဖော်ဆောင်မှုသည် တော်လှန်ရေးအင်အားစုအားလုံးပူးပေါင်းလုပ်ဆောင်ရန် ပထမဦးစားပေးလုပ်ငန်းဟု အသိပေး

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)၌ ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုသည် ပြည်သူ့နွေဦးတော်လှန်ရေးအတွက် အားတက်စရာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၂၈ရက်က ကျင်းပစဉ် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ပြည်ထောင်စုဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီးဖမ်း၀ရမ်းထုတ်ရန် ကြိုးပမ်းမှုသည် အမှန်တရားချစ်မြတ်နိုးသူ ဓမ္မဘက်တော်သားများ ဆင်နွှဲနေကြသည့် ပြည်သူ့နွေဦးတော်လှန်ရေးအတွက်များစွာ အားတက်ကျေနပ်စရာ ကိစ္စတစ်ခုဖြစ်သည်ဟု ပြောဆိုသည်။

ထို့ပြင် တိုင်းပြည်အာဏာကို မတရားသည့် နည်းဖြင့် ပြည်သူ့လက်ထဲမှ လုယူရန် ကြိုးပမ်းနေသူများအတွက် အချက်ပေးခေါင်းလောင်းသံလည်းဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

အမှန်တရားသည် အချိန်စောင့်ရတက်သော်လည်း ဓမ္မဘက်တော်သားများ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတက်စမြဲဖြစ်၍ အားလုံးအတူတကွ ဆက်လက်ကြိုးစားပေးကြရန်လည်း ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် တော်လှန်ရေးကာလအုပ်ချုပ်မှု ဖော်ဆောင်ရေးလုပ်ငန်းသည် စစ်ရေးနောက်မှ လိုက်ပါရသည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ကြောင့် အရေးကြီးဆုံးဖြစ်သည့် စစ်ရေး ၊ နယ်မြေစိုးမိုးရေး ဖော်ဆောင်မှုကို တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းပြီးလုပ်ဆောင်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပြီး ယင်းသည် ပထမဦးစားပေး လုပ်ငန်းဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားသည်။

ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အဆင့်ဆင့်သော တာဝန်ရှိသူများက ဒေသအလိုက် လက်နက်ကိုင် အင်အားစုများကိုစည်းရုံးပြီး အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်မှ သွားနိုင်ရေးလုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

နယ်မြေစိုးမိုးရေးကို အဓိကထားပြီးလိုအပ်သည့် အရင်းအမြစ်ဖြည့်ဆည်းမှုများကို ဝိုင်းဝန်းလုပ်ဆောင်နိုင်မှသာ တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်ကလည်း စစ်ရေးအောင်မြင်မှုရရှိရေး နှင့် လူထုလှုပ်ရှားမှုအရှိန်မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုပါ အချက် ၂ချက်သည် တော်လှန်ရေးအောင်မြင်ရန် အဓိက အချက်များဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသည်။

ICC ၏ တရားလိုရှေ့နေက နိုဝင်ဘာ ၂၇ရက်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC မှ ဖမ်းဝရမ်းထုတ်ပေးရန် ရုံးတော်သို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)၌ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုသည် လူနည်းစု ရိုဟင်ဂျာများအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေသည့် စစ်တပ်ထံမှ တရားမျှတမှု ပြန်တောင်းယူရန် အရေးပါသည့် ခြေလှမ်းတစ်ခုဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ ရိုဟင်ဂျာအရေး အဆင့်မြင့် ကိုယ်စားလှယ် ခါလီလူရာမန်က နိုဝင်ဘာ ၂၇ ရက်တွင် ICC တရားလို ရှေ့နေ ကာရင်မ်အာဆက်အာမက်ခန်းက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထား တောင်းဆိုမှုအပေါ် သဘောထား ထုတ်ပြန်ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook