Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ဆင်များနှင့် ဆင်ထိန်းမိသားစုဝင်များအား တော်လှန်ရေးအဖွဲ့များ ခွဲဝေစောင့်ရှောက်

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်အတွင်းရှိသပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့ကို ​တော်လှန်​ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ - PLA)
(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ - PLA)

ဇေအောင်/People’s Spring

မန္တလေးတိုင်းရှိ မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တို့ရှိ စစ်ဘေးရှောင်ဆင်များနှင့် ဆင်ထိန်းမိသားစုဝင်များအား တော်လှန်ရေးအဖွဲ့များ ခွဲဝေစောင့်ရှောက်နေကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင့် သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင် အကောင်ရေ ၁၃၈ကောင်နှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများသည် ဘေးကင်းရာဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA လှုပ်ရှားအုပ်ချုပ်စစ်နယ်မြေအတွင်းရှိ တော​​တောင်များအတွင်းသို့ ၂၀၂၄ ဇူလိုင်၁၀ရက်မှ စတင်ရှောင််တိမ်းလာခဲ့ရာ PLAက ကာကွယ် စောင့်ရှောက်ထိန်းသိမ်းထားသည်။

ယခုအခါ အဆိုပါဆင်များနှင့် ဆင်ဦးစီး၊ ဆင်ထိန်းမိသားစုဝင်များအား တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကပါ ခွဲဝေတာဝန်ယူထားကြောင်း PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ - PLA)
(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ – PLA)

“အရင်ကတော့ တစုတည်းလိုဖြစ်နေတာ။ အခုတော့ခွဲပြီး တာဝန်ယူထားကြတယ်။ ဆင်ဦးစီးတွေအတွက် စားနပ်ရိက္ခါတွေ ထောက်ပံ့တယ်ဆိုတော့ ကျွန်မတို့ချည့်ပဲ အကုန်လုံးထောက်ပံ့ဖို့က မနိုင်ဘူးပေါ့နော်။ TNLAကလည်း ဝိုင်းပြီးထောက်ပံ့ဖိုဆိုပြီး ခွဲဝေယူတာရှိတယ်။ ကျန်တဲ့ PDF တွေ ယူမယူတော့မသိသေးဘူး။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ ဆင်များသည် မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်းမြို့နယ်များမှဖြစ်ပြီး ဆင်များအပြင် ဆင်ဦးစီး၊ ဆင်ထိန်းများ၊ ၎င်းတို့၏ မိသားစုဝင်များ လူဦးရေ ၃၀၀ ကျော်ကိုပါ စောင့်ရှောက်ထားကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဆင်ပေါက်ကလေးတွေလည်း ပါတယ်။ တချို့ကလည်း တစ်နှစ်သားလောက်ပေါ့။ တချို့ကလည်း လသားပေါ့။ တချို့မိသားစုက ကလေးတွေပါတာရှိတယ်။ တချို့ကတော့ လူလွတ်တွေ။ အဲဒါတွေရဲ့ စားနပ်ရိက္ခာတာဝန်ယူရတာဆိုတော့ အဲဒါကြောင့်မို့ TNLAက ခွဲယူလိုက်တာပါ။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

အရေအတွက် မည်မျှစီ ခွဲဝေတာဝန်ယူထားသည်ကိုမူ မသိရသေးပေ။

(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ - PLA)
(စစ်ရှောင်ဆင်ကြီး၊ ဆင်ကလေးများစစ်ဘေးရှောင် ဆင်ဝိုင်းများမှ ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ဆင်အုပ်၊ ဆင်ထိန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ တပ်မှူးတပ်သားများ ဆုံတွေ့ခဲ့စဥ်။ဓာတ်ပုံ – PLA)

” သပိတ်ကျင်းဘက်မှာ နဂိုကတည်းကရှိတယ်။ နဂိုတုန်းကရှိတာ ၁၀ဝိုင်းပေါ့။ မန္တလေးတို့ဘာတို့မှာ ထိုးစစ်တွေဖြစ်တော့ အဲဒီဘက်တွေကနေ ရွှေ့လာတာ။ ဆင်ဝိုင်းတွေက ဒီဘက်လာပေါင်းတာ။ နဂိုရှိတဲ့ ၁၀ဝိုင်းနဲ့ ဟိုဘက်ကထပ်ပြောင်းလာတာ ၁၁ ဝိုင်းနဲ့ ၂၁ ဝိုင်းပေါ့။ ဟိုဘက်မှာတိုက်ပွဲတွေဖြစ်တော့ ဆင်တွေကောလူတွေကော နေရတာခက်လို့လေ။ သူတို့လည်း ဆင်ဒုက္ခသည်တွေ ဖြစ်နေတာပေါ့။ အဲဒါကြောင့်သူတို့ကရွှေ့လာတာ။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ပြည်သူ့အစိုးရသစ် လက်ထက်တွင် ပြန်လည်၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အလောင်းတော်ကဿပနယ်မြေရှိ ဆင်များနှင့် ဆင်ဦးစီးမိသားစုဝင်များကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ရှောက်ထားသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်အတွင်းရှိသပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့ကို ​တော်လှန်​ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။