Connect with us

Hi, what are you looking for?

သတင်း

ကနီပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု လုပ်ကြံသတ်ဖြတ်ခံရမှု တစ်လပြည့်အဖြစ် အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှုပြုလုပ်မည်

ယခုဖြစ်စဥ်အပေါ် အမြင်များနှင့် တိုက်တွန်းတောင်းဆိုသည့် လှုပ်ရှားမှုများ ၊ သပိတ်များပြုလုပ်၍ ပူးပေါင်းပါဝင်ပေးကြရန် BEGSCက တိုက်တွန်းနှိုးဆော်ထားသည်။

(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဒီပဲယင်းမြို့နယ်ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့)
(ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံခဲ့ရမှု အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဒီပဲယင်းမြို့နယ်ပြည်သူ့အခြေပြုကျောင်းများ၏ campaign လှုပ်ရှားမှုအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးမိသားစု လုပ်ကြံသတ်ဖြတ်ခံရမှု တစ်လပြည့်အထိမ်းအမှတ်အဖြစ် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုသည့် လှုပ်ရှားမှုများပြုလုပ်မည်ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၄ ရက်က လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုလိုက် လုပ်ကြံသတ်ဖြတ်ခံရသည့် ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေး၏ ဖြစ်စဥ် တစ်လပြည့်လှုပ်ရှားမှုအဖြစ် ယနေ့တွင် မြေပြင်ကျောင်းများရှိ ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများက ဆန္ဒထုတ်ဖော်မှုများဖြင့် ပြုလုပ်သွားမည်ဟု အသိပေးသည်။

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ နောက်ထပ်ဒီလိုမျိုးအမှုတွေ မပေါ်ပေါက်ဖို့ဆိုတာ အရေးကြီးပါတယ်။ အဲလိုမျိုးမပေါ်ပေါက်ဖို့ ခုဖြစ်သွားပြီးတဲ့ဖြစ်စဥ်တွေ အမှုမှန်ပေါ်ပေါက်ဖို့ အင်မတန်မှအရေးကြီးတယ်လို့ ရှုမြင်ပါတယ်။”ဟု BEGSCမှ ဆရာဦးကျော်ရဲလွင်က ပြောသည်။

ယခုဖြစ်စဥ်အပေါ် အမြင်များနှင့် တိုက်တွန်းတောင်းဆိုသည့် လှုပ်ရှားမှုများ ၊ သပိတ်များပြုလုပ်၍ ပူးပေါင်းပါဝင်ပေးကြရန် BEGSCက တိုက်တွန်းနှိုးဆော်ထားသည်။

နိုဝင်ဘာ ၄ ရက် ညပိုင်းက ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေးသည် တပုန်းကျေးရွာနေအိမ်၌ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်စေရန်နှင့် အမိန့်ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ YRF ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးတာဝန်ခံ အသက် ၂၈ နှစ်အရွယ် ကိုသန်းထိုက် (ခ) ကိုညီညီသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်ဒေသတွင် တပ်ဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရမှုသည် ကြားကာလ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ရေး အမြန်ဆုံးဖြေရှင်းပေးရန် Yadanarbon Revolution Force- YRF က ဩဂုတ်လ ကုန်ပိုင်းတွင် တောင်းဆိုထားသည်။

ဇူလိုင်လဆန်းကလည်း တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားသည့် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ဦးဆိုသူ သတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။