Connect with us

Hi, what are you looking for?

သတင်း

အမ်းမှထွက်​ပြေးလာ​သော ဗိုလ်ကြီးတစ်ဦးပါစစ်သား၁၂ ဦးကို ​တော်လှန်​ရေးတပ်များဖမ်းဆီး

ဧရာဝတီတိုင်းနှင့်နယ်စပ် ဂွမြို့ကို ထိန်းချုပ်နိုင်ရေးအတွက်လည်း AAက တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သတင်းရရှိသည်။

( အမ်းမှထွက်​ပြေးလာပြီး ​တော်လှန်​ရေးတပ်များဖမ်းဆီးထား​သော စစ်သုံ့ပန်းများ၊​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ACDF)
( အမ်းမှထွက်​ပြေးလာပြီး ​တော်လှန်​ရေးတပ်များဖမ်းဆီးထား​သော စစ်သုံ့ပန်းများ၊​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ACDF)

အိမ်သွင်/People’s Spring

အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေသည့် အမ်းမြို့မှ ထွက်ပြေးလာသော စစ်ကောင်စီ ဗိုလ်ကြီးဦးဆောင်သည့်စစ်ကြောင်းကို AA၏ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များက ဖမ်းမိထားသည်။

ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို လက်နက်အချို့နှင့် အတူ ဖမ်းမိထားခြင်းဟု အရှိူချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA)နှင့်ပြည်သူ့လွတ်လပ်ရေးတပ်တော် (PLA) ပူးပေါင်းတပ်ဖွဲ့ က ဒီဇင်ဘာ ၄ရက်တွင်ပူးတွဲသတင်းထုတ်ပြန်သည်။

( အမ်းမှထွက်​ပြေးလာပြီး ​တော်လှန်​ရေးတပ်များဖမ်းဆီးထား​သော စစ်သုံ့ပန်းများ၊​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ACDF)
(အမ်းမှထွက်​ပြေးလာပြီး ​တော်လှန်​ရေးတပ်များဖမ်းဆီးထား​သော စစ်သုံ့ပန်းများ၊​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-ACDF)

အဆိုပါစစ်ကြောင်းသည် အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထွက်ပြေးလာကြပြီး လက်ပ်​တော့ပ် တစ်လုံး၊ ဖုန်းတစ်လုံး၊ MA-1 တစ်လက်၊ MA-3 တစ်လက် (5.56 ကျည် ၂၃ တောင့်)၊ Type-81 တစ်လက် (ကျည်ဘောက်မပါ) နဲ့ ပစ္စတို တစ်လက် (ကျည် ၂၄ တောင့်)တို့ကိုပါသိမ်းဆည်းရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်း ၁၂ ဦးအနက်မှ ဒဏ်ရာရရှိသူများကို စနစ်တကျ ဆေးဝါးကုသပေးထားပြီး ကျန်းမာရေး၊ နေထိုင်စားသောက်ရေးမှအစ လိုအပ်သော ကိစ္စအဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းရန်လည်း မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်တွန်းထားသည်။

အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က စက်တင်ဘာလ၂၆ရက်မှစတင်ကတိုက်ခိုက်ခဲ့ပြီး ယမန်နေ့ကအထိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှလွဲ၍ ကျန်စစ်တပ်စခန်းများနှင့်တပ်ရင်းများအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ တစ်မြို့လုံးကို AAက ထိန်းချုပ်ထားကြောင်း နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ၌ အမ်း၊ ဂွ နှင့် မောင်တောမြို့၌ တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိသည်။ နပခကို ရပါက အမ်းမြို့ကို AAက ရရှိပြီဖြစ်သလို မောင်တောမြို့တွင်လည်း နယ်ခြားစောင့်အမှတ် (၅)/နခခ(၅)စခန်းသာကျန်ရှိနေပြီးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းနှင့်နယ်စပ် ဂွမြို့ကို ထိန်းချုပ်နိုင်ရေးအတွက်လည်း AAက တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု သတင်းရရှိသည်။

အမ်းမြို့တိုက်ပွဲတွင် စစ်စခန်းများဆက်တိုက်လက်လွတ်​​နေ​သော စစ်​ကောင်စီတပ်မှ စစ်သားများဆက်တိုက်ထွက်​ပြေး​နေကြပြီး ထွက်​ပြေးစစ်သားများကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းဆီးရမှုများ ​အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် ဆက်တိုက်ဖြစ်​ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။