Connect with us

Hi, what are you looking for?

သတင်း

လေးရက်ဆက်လေကြောင်းတိုက်ခံရတဲ့ နွားထိုးကြီးမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၁ဦးသေဆုံး

ဒီဇင်ဘာလ၂ရက်ကနေ ၅ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွေမှာ ဒဏ်ရာရထားသူတွေများတယ်လို့လည်း သိရပါတယ်။

(ဒီဇင်ဘာ၂ရက်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)
(ဒီဇင်ဘာ၂ရက်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)

မေ/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီက လေးရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၆ဦးထပ်တိုးလာပြီး စုစုပေါင်းသေဆုံးသူ ၁၁ဦးအထိရှိလာပြီလို့ နွားထိုးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

ဒီဇင်ဘာ ၅ရက်နေ့ ဒီကနေ့ မနက်၅နာရီကျော်မှာ စစ်ကောင်စီက အောင်ပန်းကုန်းကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာရဲ့အရှေ့မြောက်ဘက်က တောတဲအိမ်ပေါ်ကျပြီး ဦးကျော်သူမိုး အသက်(၄၈)နှစ်၊ဒေါ်ခင်အေးကျင် အသက်(၄၆)နှစ်နဲ့ သားဖြစ်သူ အသက်(၁၃)နှစ်အရွယ် မောင်အောင်ပြည့်လျှံတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

“မိသားစု ၄ယောက်ရှိတာ။အသက်၁၆နှစ်အရွယ်ကောင်မလေးက ရွာထဲသွားအိပ်လို့ အသက်ရှင်ကျန်ခဲ့တာ”လို့ လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနက်၆နာရီလောက်မှာလဲ လက်ဝဲ−မြင်းနီကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ တစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲမရှိဘဲ ကျေးရွာပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း လူ့အခွင့်အရေးတာဝန်ခံက ဆက်ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ လုံးတောကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခံရမှုမှာလည်း ပြည်သူ တစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဟာ ဆေးကုသနေစဥ်သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက်နေ့ ည၁၀နာရီမှာလည်း ကွမ်းအုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ ကွမ်းအုံကျေးရွာက အသက်၆၆နှစ်အရွယ် ဒေါ်ခင်ပိုနဲ့ အသက်၁၁နှစ်အရွယ်မောင်မာန်ရှိုင်းခေတ်တို့ ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ဒီဇင်ဘာ၂ရက် ညနေပိုင်းမှာလည်း နဘဲမြစ်ကျေးရွာက ကိုရီးယားဘာသာသင်တဲ့ကျောင်းပေါ် ကြဲချလို့ ကျောင်းသား၂ဦးနဲ့ အောက်တိုဘာ ၃ရက်နေ့ ညနေ၆နာရီမှာ အဲဒီရွာကိုပဲ ထပ်မံဗုံးကြဲခဲ့တာမို့ ဦးမြသွန်(၄၅)နှစ်နဲ့ ဦးဝေအောင်(၃၇)နှစ်တို့ သေဆုံးခဲ့ပါသေးတယ်။

ဒီဇင်ဘာလ၂ရက်ကနေ ၅ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွေမှာ ဒဏ်ရာရထားသူတွေများတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။