Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲကာလပိတ်ထားသည့် လားရှိုးရေပူစမ်း ပြန်ဖွင့်

လားရှိူးမြို့ကို MNDAA ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်း ရေပူစမ်းလည်း ပိတ်သွားခြင်းဖြစ်သည်။

(လားရှိုးမြို့ ရေပူစမ်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Nay Wai Soe/FB)
(လားရှိုးမြို့ ရေပူစမ်းအား တွေ့ရစဉ်။ ဓာတ်ပုံ - Nay Wai Soe/FB)

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ တိုက်ပွဲကာလအတွင်းပိတ်ထားသည့် ရေပူစမ်းကို ကိုးကန့်တပ်မတော်(MNDAA)က ယနေ့(ဒီဇင်ဘာ ၈ရက်)တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

“ရေပူစမ်းလည်း ပြန်ဖွင့်လိုက်ပါပြီ။ ညဈေးလည်း စည်ကားနေပါပြီ”ဟု MNDAAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” အထူးဒေသ (၁)လားရှိုးရှိ ရေပူစမ်း ပြန်လည်ဖွင့်လှစ်ပါပြီ။လောလောဆယ်တော့ တံတားမပြင်ရသေးတဲ့အတွက် ဟက်ကာရွာ ဘက်ကနေသွားလို့ရပါတယ် တံတား လည်းမကြာမှီ ပြန်လည်ရပြုပြင်တော့မှာဖြစ်ပါတယ်”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးသတင်းများဖော်ပြနေသည့် MNDAAနှင့် နီးစပ်သူက ရေသားထားသည်။

Public Service Announcement

Public Service Announcement

ရေပူစမ်းကို နံနက် ၅နာရီမှ ည ၉နာရီအထိ ဖွင့်ထားပြီး ဝင်ကြေးအနေဖြင့် လူကြီး တစ်ဦးလျှင် ၁၅၀၀ကျပ် ၊ ကလေး တစ်ဦး ၁၀၀၀ကျပ်အဖြစ် သတ်မှတ်ပြီး သက်ကြီးရွယ်အိုနှင့် ရဟန်းသံဃာများ ဝင်ကြေး အခမဲ့ ဖြစ်သည်။

လားရှိူးမြို့ကို MNDAA ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ပြီးနောက်ပိုင်း ရေပူစမ်းလည်း ပိတ်သွားခြင်းဖြစ်သည်။

MNDAAက ၂၀၂၄ ဇူလိုင် ၂၅ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီက လားရှိုးမြို့ကိုပြန်လည်သိမ်းယူမည်ဟု ကြွေးကြော်ထားသလို တရုတ်အစိုးရကလည်း စစ်ကောင်စီအား တိုက်ခိုက်နေမှုများရပ်တန့်ရန် MNDAAကို ဖိအားပေးနေသည်။

တရုတ်နိုင်ငံ၏ တိုက်တွန်းမှုကြောင့် စတင်အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို စတင်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်မဟုတ်ကြောင်း MNDAAက ဒီဇင်ဘာ ၃ရက်တွင် ကြေညာခဲ့သည်။

ထို့အပြင် မြန်မာပြည်မှခွဲထွက်မည်မဟုတ်ကြောင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်က မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်မှထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပေးရန်အပြင်နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံသော်လည်း ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်ထားသည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ရက်အနည်းငယ် အတွင်း လားရှိူးမြို့ ရေပူစမ်းကို ပြန်လည်ဖွင့်လှစ်ခြင်း၊ စားသောက်ဆိုင်အချို့ပြန်လည်ဖွင့်လှစ်ခြင်း၊ ညစျေးများဖွင့်လှစ်ခြင်းတို့နှင့်အတူ လားရှိုးမြို့သည် MNDAA၏ထိန်းချုပ်မှုအောက် တွင် ပြန်လည်စည်းကားစားပြုလာသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။