Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ် လက်ချက်ကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

သေဆုံးသူအမျိုးသမီး၏ (၃ဝ)ခန့်အရွယ် သားဖြစ်သူမှာလည်း လက်မောင်းလက်နက်ကြီးစထိမှန်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ် လက်ချက်ကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် သုံးဦး သေဆုံး
စစ်ကိုင်းမြို့တွင် စစ်ကောင်စီတပ် လက်ချက်ကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့အနီးတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးသတ်ဖြတ်မှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၇ရက် နံနက် ၁၀နာရီခွဲခန့်က စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားရှိ စစ်ကောင်စီတပ်က အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကိုင်းမြို့အနောက်တောင်ဘက်ရှိ ဧရာဝတီမြစ်ဘေး ကတက်ကျွန်းကျေးရွာဘက် စစ်ကြောင်းထိုးပြီး တော်လှန်ရေးရဲဘော်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စစ်ကြောင်းနဲ့ ဖမ်းမိရင်းနဲ့ သတ်ပြီး မီးရှို့သွားတယ်ပြောတယ်။ ရပ်ကျေးပကဖလို့ ပြောတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငါးထပ်ကြီးဘုရားဝင်း၌ ကျန်နေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အသက်(၅၀)ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း၊ အလားတူ (၇၀)နှစ်ခန့် အမျိုးသား တစ်ဦးလည်း လက်နက်ကြီးပေါက်ကွဲသံကြောင့် နှလုံးရပ် သေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“၆၀ မမနဲ့ပစ်တာ။ တအားကြီးလည်းမဝေးဘူး။ ရွာထဲကို လက်နက်ကြီးကျပြီးတော့မှ လူတွေထိတာ။”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် သေဆုံးသူအမျိုးသမီး၏ (၃ဝ)ခန့်အရွယ် သားဖြစ်သူမှာလည်း လက်မောင်းလက်နက်ကြီးစထိမှန်၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းရှိ ​ကျေးရွာအချို့အား စစ်ကြောင်းထိုး မီးရှို့သွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။