Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်း စစ်ကူလာသောစစ်ကြောင်းအား ၁၀ရက်ကြာတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅၀ကျော်သေဟု DPLA ပြော

မြေပြင်တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်ညကစ၍ ဒရုန်းဖြင့် ဓာတုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု DPLA တာဝန်ရှိသူက ပြောသည်။

ကျောက်ဂူဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ၊ ဓာတ်ပုံ − DPLA
ကျောက်ဂူဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်များ၊ ဓာတ်ပုံ − DPLA

အိမ်သွင်၊ဟန်နွေ/People’s Spring

တိုက်ပွဲဖြစ်နေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်နှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ၁၀ရက်ကြာတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တောင်းခမ်းကို စစ်ကူပို့တဲ့စစ်ကြောင်းနဲ့ ဗထူးကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တာ”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသရှိ ကျောက်ဆုံကျေးရွာတွင် နိုဝင်ဘာ ၃၀ရက်က စတင်ခဲ့သည့် ၁၀ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅၀ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြားများသိမ်းဆည်းရမိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကျောက်ဂူဒေသမှ စစ်ကောင်စီနယ်မြေခံတပ်များဖြစ်သည့် ကျောက်ဂူအမြောက်တပ်(အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းသို့ ရပ်စောက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့် DPLAသည် နိုဝင်ဘာ ၃၀ရက်က စတင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တောင်းခမ်းဒေသတွင် လက်ရှိတွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု DPLAက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ လမ်းပိုင်းတစ်စပ်တည်းရှိပြီး (၃၁)မိုင်ကွာဝေးသည်။

မြေပြင်တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်ညကစ၍ ဒရုန်းဖြင့် ဓာတုဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု DPLA တာဝန်ရှိသူက ပြောသည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၈ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခလရ(၂၉၂)တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ အပါအဝင်ကိုးဦးသေဆုံးပြီး ဗိုလ်မှူးမျိုးမျိုးသူ၏ ရုပ်အလောင်းကို DPLA က ရရှိခဲ့သည်။ စစ်သုံ့ပန်းရှစ်ဦးဖမ်းမိသလို သေနတ် ၁၉လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း DPLAက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးမှနေထိုင်ကြရန် နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် DPLAက မေတ္တာရပ်ခံထားသည်။ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သည်ဟု DPLA တာဝန်ရှိသူကဆိုသည်။

DPLAသည်ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတွင်ပူးတွဲပါဝင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။