Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့လယ်မှာ စစ်ကားမိုင်းဆွဲခံရလို့ ရမ်းသမ်းပစ်ခတ်၊ ဆီဘောက်ဆာကားပေါ်က ယာဉ်နောက်လိုက် ဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်တာကို ခင်ဦးမြို့က ပြောက်ကျားအဖွဲ့တစ်ဖွဲ့ကပြုလုပ်တာဖြစ်ပြီး စစ်သားတွေ ထိခိုက်၊သေဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ခင်ဦးမြို့လယ်မှာ စစ်ကားမိုင်းဆွဲခံရလို့ ရမ်းသမ်းပစ်ခတ်၊ ဆီဘောက်ဆာကားပေါ်က ယာဉ်နောက်လိုက် ဒဏ်ရာရ
ခင်ဦးမြို့လယ်မှာ စစ်ကားမိုင်းဆွဲခံရလို့ ရမ်းသမ်းပစ်ခတ်၊ ဆီဘောက်ဆာကားပေါ်က ယာဉ်နောက်လိုက် ဒဏ်ရာရ

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် စျေးဝယ်ထွက်လာတဲ့ စစ်ကားမိုင်းဆွဲခံရလို့ စစ်သားတွေက ရမ်းသမ်းပစ်ခတ်တာကြောင့် ကားနောက်မှာ ကပ်ပါလာတဲ့ဆီဘောက်ဆာကားယာဉ်နောက်လိုက် အမျိုးသားကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ မနက်၉နာရီကျော်လောက်မှာ ခင်ဦးမြို့ရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ စစ်ကားဟာ ခင်ဦးမြို့လယ်ခေါင်မှာ မိုင်းဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရပြီးတဲ့နောက် အဲဒီကားပေါ်ကနေ ဘေးပတ်ဝန်းကျင်ကို သေနတ်တွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တာမို့ စစ်ကားနောက်မှာ ကပ်ပါလာတဲ့ ဆီဘောက်ဆာကားပေါ်က ယာဉ်နောက်လိုက် အမျိုးသားကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကားက စကပ်ကားကိုမှဘေးကနေ သံအထူကြီးတွေနဲ့ကာထားတာ။အဲ့အထဲကနေ သေနတ်ပြောင်းနေရာစာလောက်ပဲအပေါက်ဖောက်ထားတယ်။ကားပေါ်ကနေပစ်တာ။နောက်ကဆီကားကို မှန်ဖောက်ပြီး စပါယ်ယာကိုမှန်တာ။အရမ်းတော့မစိုးရိမ်ရဘူးထင်တယ်”လို့ ခင်ဦးမြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို ခင်ဦးမြို့က ပြောက်ကျားအဖွဲ့တစ်ဖွဲ့ကပြုလုပ်တာဖြစ်ပြီး စစ်သားတွေ ထိခိုက်၊သေဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကားမိုင်းဆွဲခံရပြီးနောက် ရဲစခန်းကနေပါ အင်အားပူးပေါင်းပြီး စုစုပေါင်းစစ်သားအင်အား၂၅ယောက်လောက်နဲ့ ခင်ဦးမြို့ပေါ်က ရပ်ကွက်တချို့ကို ဝင်မွှေတာတွေလည်း ပြုခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။