Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ်ပစ်ခတ်မှု ရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတ​ပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

(ကျဆုံးရဲဘော်အား မီးသင်္ဂြိုလ်နေစဥ်။ဓာတ်ပုံ-CJ)
(ကျဆုံးရဲဘော်အား မီးသင်္ဂြိုလ်နေစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

ယမန်နေ့(ဒီဇင်ဘာ ၄ ရက်) နံနက် ၈နာရီဝန်းကျင်က ခင်ဦးမြို့ဆေးရုံ၌ တပ်စွဲထား​သော စစ်ကောင်စီတပ်က သံပြားများကာထားသည့် ကားတစ်စီးဖြင့် စျေးဝယ်ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များက စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ပစ်ခတ်စဥ် ဆေးရုံအတွင်းမှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူခဲ့ရာ ရဲဘော် ၆ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“ဆေးရုံထဲက စစ်တပ်က စျေးဝယ်ထွက်တာ။ ကိုယ့်ဘက်ကသတင်းရတာနဲ့ သွားပစ်တာ။ ပစ်တဲ့နေရာကို လက်နက်ကြီးနဲ့လှမ်းထောက်တော့ ကိုယ့်အဖွဲ့ကြားထဲကိုကျတာ။တစ်ဦးက ပွဲချင်းပြီး ​ဆုံးတယ်။”ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်မှာ ရဲဘော်နွေဦးဟု သိရပြီး ၎င်း၏အဖွဲ့အစည်းကိုမူ မသိရသေးပေ။

ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်၍ ဆေးကုသမှုပေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့ပေါ်၌ အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလု​ပ်နေပြီး ဒီဇင်ဘာ ၃ရက် ည​နေ ၄ နာရီခန့်ကလည်း အောင်မင်္ဂလာရပ်ကွက်ရှိ ကြာကန်​ကျောင်းမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၉ရက်ကလည်း ခင်ဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ PDF ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ခရီးထွက်လာစဥ် ပျူစောထီးအားကောင်းရာ မကျီးတုံကျေးရွာကို လမ်းမှားဝင်ခဲ့ရာမှ ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။