Connect with us

Hi, what are you looking for?

သတင်း

လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးလို့ တစ်လကို ပျမ်းမျှ နိုင်ကျဉ်း ၂ ဦးခန့် သေဆုံးနေ

ထောင်တွင်းမှာ ရောဂါကျွမ်းပြီး အသက်ဆုံးပါးခါနီးအချိန်ရောက်မှ ပြင်ပဆေးရုံဆီ ပို့ဆောင်ကာ ကုသခွင့်ပေးတာလို့ နိုင်ကျဉ်းဟောင်းတွေ ကပြောပါတယ်။

လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးလို့ တစ်လကို ပျမ်းမျှ နိုင်ကျဉ်း ၂ ဦးခန့် သေဆုံးနေ
လုံလောက်တဲ့ ဆေးဝါးကုသခွင့် မပေးလို့ တစ်လကို ပျမ်းမျှ နိုင်ကျဉ်း ၂ ဦးခန့် သေဆုံးနေ

ဆိုင်းမင်း/People’s Spring

နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုခွင့်မရတာကြောင့် အခုနှစ် ၁၁ လတာအတွင်း အသက်ဆုံးရှုံးရတဲ့ နိုင်ငံရေးအကျဉ်းသူ ၊ အကျဉ်းသား ၂၄ ဦးထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကဆိုပါတယ်။

ဒီအရေအတွက်ဟာ အခုနှစ် အတွင်း ပျမ်းမျှအားဖြင့် တစ်လကို နိုင်ကျဉ်း ၂ ဦး နှုန်း ဆုံးပါးနေတာပါ။

လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတဲ့လို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၂၄ ဦးကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ တယ်လို့ AAPP က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်သတ္တပတ် နိုဝင်ဘာလ ၃၀ ရက်ကတင် အင်းစိန်ထောင်မှာ ကျောက်ကပ်ရောဂါ ၊အဆုတ်ရေဝိုင်းရောဂါ ခံစားနေသူရသူ CDM ရေတပ်သား ကိုပြည့်စုံဦး ဆေးဝါးကုသခွင့် လုံလုံလောက်လာက်မရလို့ ထောင်မှာပဲ သေဆုံးခဲ့ရပါတယ်။

သူဟာ CDM လှုပ်ရှားမှုမှာပါဝင်လို့ စစ်ကောင်စီက ဖမ်းဆီးပြီး သေဒဏ် ချထားခံရသူ နိုင်ကျဉ်း ဖြစ်ပါတယ်။

မန္တလေး အိုးဘို ထောင်မှာဆိုရင် ၂ လအတွင်းမှာတင် ထင်ရှားတဲ့ နိုင်ကျဉ်းတွေ ဖြစ်ကြတဲ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ၊ NLD လျှပ်စစ်ဝန်ကြီးစွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ ဝါရင့်နိုင်ငံရေးသမား ဦးစိန်လင်းတို့ ထောင်တွင်းထိရောက်တဲ့ ဆေးကုသခွင့် မရလို့ အသက်ဆုံးပါးခဲ့ရတာ ပါတယ်။

ထောင်တွင်းမှာ ရောဂါကျွမ်းပြီး အသက်ဆုံးပါးခါနီးအချိန်ရောက်မှ ပြင်ပဆေးရုံဆီ ပို့ဆောင်ကာ ကုသခွင့်ပေးတာလို့ နိုင်ကျဉ်းဟောင်းတွေ ကပြောပါတယ်။

ရန်ကုန်မြို့က အင်စိန်ထောင်ကြီးမှာပင် နေထိုင်မကောင်းတဲ့ နိုင်ကျဉ်းမှန်သမျှ ထောင်ဆေးခန်းက ပါရာစီတမော သာပေးပြီး ပြန်လွှတ်တာမျို ရှိတယ်လို့ နိုင်ကျဉ်းဟောင်း တစ်ဦးက ပြောပြပါတယ်။

” ဘာပဲဖြစ်ဖြစ် ပါရာ( ပါရာစီတမော) ပဲ ရတယ်” လို့ နွေဦးတော်လှန်ရေးကာလအတွင်း အင်းစိန်ထောင် မှာ အကျဉ်းကျခံခဲ့ရတဲ့နိုင်ကျဉ်းက ဆိုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။