Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ဇဂျမ်းနယ်မြေရဲစခန်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာရှိ နေအိမ် ၂လုံးပျက်စီးပြီး နွားတစ်ကောင်သေဆုံးကာ ပြည်သူထိခိုက်မရှိကြောင်းသိရသည်။

(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)
(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇဂျမ်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအတွင်းစစ်ကောင်စီက လေကြောင်းပစ်ကူပေးခဲ့သော်လည်း ထိခိုက်မှုများပြားကြောင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။

နိုဝင်ဘာ ၁၂ရက် နံနက် ၅ နာရီ ၄၅မိနစ်ခန့်က အင်အား ၃၀ခန့်ရှိသော ဇဂျမ်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တို​က်ခို​က်ခဲ့သည်။ တိုက်ပွဲမှာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုများ၍ လေကြောင်းပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

” ကျွန်တော်တို့ စခန်းအခြေထိ ရောက်ခဲ့တယ်။ ဘန်ကာတော့ ဖြိုနိုင်ခဲ့တယ်။ ကျွန်တော်တို့က သတ်ကွင်းထဲရောက်တဲ့ပုံစံမျိုးတော့ ဖြစ်သွားတယ်။ ကျွန်တော်တို့ကလည်း ကျည်အင်အားနည်းနေတယ်။ မှေးပြီးတော့ စခန်းထဲဝင်နိုင်ဖို့ ကြိုးစားတဲ့အချိန်မှာ လေယာဥ်ကလာတယ်။ မြင်းခြံဘက်ကလည်း တပ်ကူလာတယ်။ အဲဒီအချိန်မှာ ဆုတ်ခဲ့လိုက်ရတာ။”ဟု Anyar Federal Task Forceအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဇဂျမ်းရဲစခန်းမှ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့်ရဲ လေးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက ပြောသည်။

(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)
(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)

တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် မြင်းခြံမြို့မှ စစ်ကူလာသော သီတာယုမွန်နှင့်ပျူစောထီးများအပါအဝင် အင်အား ၅၀ခန့်ပါ စစ်အုပ်စုဝင်များ၏ ကား ၄စီးကိုလည်း ပဒေသာမိုင်းများဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း တောင်သာပကဖတာဝန်ရှိသူက ပြောသည်။

“ဇဂျမ်းက မနက်စော စခန်းဝင်တိုက်တယ်ကြားတယ်။ တပ်ကူကား ၄ စီး၊၂ စီး မိုင်းတည့်ထိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူစစ်သားများအား မိတ္ထီလာစစ်ဆေးရုံ၌ ကုသနေရကြောင်း တောင်သာပကဖအဖွဲ့က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများအား တောင်သာမြို့နယ်ပကဖ၊ Burmese Guerilla Force-MGN(BGF)၊Justice Warriors၊ Anyar Federal Task Force၊ ညောင်ဦးခရိုင် တပ်ရင်းအမှတ်(၅)၊ ညောင်ဦးမြို့နယ်ပကဖနှင့် အခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)
(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာရှိ နေအိမ် ၂လုံးပျက်စီးပြီး နွားတစ်ကောင်သေဆုံးကာ ပြည်သူထိခိုက်မရှိကြောင်းသိရသည်။

အလားတူ မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာတွင်လည်း နိုဝင်ဘာ ၁၁ ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာ သုံးရွာမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

​သြဂုတ် ၁ဝရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးတွင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များ၌ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ ယခုနိုဝင်ဘာလဆန်းပိုင်း၌လည်း တော်လှန်ရေးအင်အားစုများက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်ကာ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။