Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNOဒုဥက္ကဋ္ဌ သတိပေး

ဖလမ်းမြို့ကို ထားခဲ့ပြီးထွက်ခွာမည်ဆိုပါက ဆက်သွယ်နိုင်ကြောင်းလည်း ဆလိုင်းပီတာထန်းက အသိပေးရေးသားထားသည်။

(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ - The Chin Jouranl)
(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ - The Chin Jouranl)

“ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ”

ဟန်နွေ/People’s Spring

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် ချင်းညီနောင်မဟာမိတ်များက ဖလမ်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဖလမ်းစစ်ကောင်စီတပ်အနေဖြင့် စစ်ကောင်စီကို အကာအကွယ်ပေးပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက သတိပေးသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ ခလရ(၂၆၈)တပ်ကုန်းသို့ လိပ်မူထားသည့်စာကို ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။

ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ်များကို CNDFပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုအချို့ ရရှိထားပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

Public Service Announcement

Public Service Announcement

(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ - The Chin Jouranl)
(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ – The Chin Jouranl)

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များ အသက်စွန့် ကာကွယ်နေခြင်းသည် ပြည်သူအတွက်မဟုတ်ဘဲ စစ်ကောင်စီကို ကာကွယ်ရင်း အသက်ပေးနေကြခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်းက ပြောသည်။

” သူတို့ကိုပြန်တိုက်နေတဲ့ သူတွေဆိုတာ သူတို့ကာကွယ်နေပါတယ်လို့ ထင်ထားတဲ့ ပြည်သူတွေထဲက မခံမရပ်နိုင်လို့ ပြန်တိုက်နေတဲ့သူတွေပါ။စကစ ကို ကာကွယ်နေရင်း အသက်စွန့်ရတာ တန်ရဲ့လားလို့ မေးချင်ပါတယ်။ စကစကို ကာကွယ်နေသမျှကာလပတ်လုံး ပြည်သူ့ရန်သူဖြစ်နေမယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ရှိတဲ့အချိန်မှာ ပြည်သူ့ရန်သူအဖြစ်ရပ်တည်မယ်ဆိုရင် လွတ်လမ်း အရမ်းနည်းပါတယ်”ဟု ဆလိုင်းပီတာထန်းက People’s Spring သို့ ဖြေကြားသည်။

ပြီးခဲ့သည့် ရက်က ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ စစ်ကောင်စီ​၏ တပ်ကုန်းသို့ လိပ်မူထားသည့် စာတွင်လည်း ” ဖလမ်းတပ်ကုန်းကို အသေအလဲ ကာကွယ်တာ ဘာအတွက်လဲ။ ကျွန်တော်တို့လိုချင်တာ ခင်ဗျားတို့ရဲ့အသက်မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ။ ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်ယူနေတာက ကျွန်တော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲတာအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ ရှိနေမှာ။ ခင်ဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်စီးတဲ့သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ ”ဟု ရေးသားထားသည်။

ထို့အပြင် ဖလမ်းမြို့ကို ထားခဲ့ပြီးထွက်ခွာမည်ဆိုပါက ဆက်သွယ်နိုင်ကြောင်းလည်း ဆလိုင်းပီတာထန်းက အသိပေးရေးသားထားသည်။

(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ - The Chin Jouranl)
(ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ – The Chin Jouranl)

CNO၏လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFက ဒီဇင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့တွင်းသို့ ဝင်ထွက်သွားခြင်း မပြုကြောင်း ပြည်သူသို့ အသိပေးထားပြီး အရေးပေါ် ကိစ္စရှိပါက သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြား အသိပေးရန် ဖော်ပြသည်။

ဖလမ်းမြို့တွင် ချင်းညီနောင်က တိုက်ပွဲဆင်နွှဲလျက်ရှိရာ လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ ဖလမ်းမြို့အတွင်းသို့ စစ်ရေးတိုက်ပွဲဝင်နေသူများမှအပ မည်သူ့မဆို မြို့တွင်းဝင်ထွက် သွားလာခွင့်မပြုဟု အသိပေးထားသည်။

CNO/CNDF၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းကလည်း ဖလမ်းမြို့သိမ်း တိုက်ပွဲ တစ်လအတွင်း အောင်မြင်မှုအချို့ရရှိထားပြီး အဖက်ဖက်ကကျဆုံးနေသည့် စစ်ကောင်စီတပ်ကလည်း လေလေကြာင်း ပစ်ကူပေးနေ၍အလုံးစုံ အောင်မြင်နိုင်ရေး ပြည်သူများ၏ ရပ်တည်မှု ၊ ဆုတောင်းပေးမှု ၊လက်နက်ခဲယမ်းနှင့် ကျည်များ ထောက်ပံ့မှု လိုအပ်နေကြောင်း အသိပေးထားပြီး ပါဝင်အားဖြည့်ပေးရန် ဖိတ်ခေါ်ထားသည်။

ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် တပြိုင်တည်းတွင် မင်းတပ်မြို့သိမ်းတိုက်ပွဲကိုလည်း ဖော်ဆောင်လျက်ရှိသည်။

စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲသတင်းများ ထုတ်ပြန်မှုမရှိသော်လည်း မင်းတပ်နှင့် ဖလမ်းမြို့သိမ်း တိုက်ပွဲအောင်မြင်မှုများရရှိထားဟု ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှ တာဝန်ရှိသူ အချို့က အသိပေးထားသည်။ ချင်းညီနောင်သည် မဟာမိတ်ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ချင်းပြည်နယ် မတူပီမြို့နှင့် ကျင်ဒွေးမြို့ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။