Connect with us

Hi, what are you looking for?

သတင်း

မံစီ ရှိ လက်ကျန်စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို KIA ပူးပေါင်းတပ် ဆက်လက်တိုက်ခိုက်

ဒီဇင်ဘာ ၁၄ ရက်တွင် ဗန်းမော်တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ ၂၀ဦးအား ကယ်ထုတ်နိုင်သကဲ့သို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒဏ်ရာရ အမျိုးသမီးငယ်အားဆေးကုသပေးခဲ့ဟု အသိပေးသည်။

(ဗန်း​မော် ၊ မံစီ ၊ မိုး​မောက် မြို့များကို Google Map တွင်​တွေ့ရမှု)
(ဗန်း​မော် ၊ မံစီ ၊ မိုး​မောက် မြို့များကို Google Map တွင်​တွေ့ရမှု)

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး တိုက်ပွဲအနည်းငယ် ပြန်ငြိမ်နေ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်၌ ကျန်နေသည့် စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်မဟာမိတ်တပ်များ က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ပြောသည်။

KIA နှင့် မဟာမိတ်တပ်များသည် ဒီဇင်ဘာ ၄ရက်မှစ၍ ဗန်းမော် မြို့သိမ်းတိုက်ပွဲနှင့် မံစီရှိ လက်ကျန် စစ်ကောင်စီတပ်များကိုထိုးစစ်ဆင်သည့်စစ်ဆင်ရေးကိုစတင်ခဲ့ရာယ​နေ့(ဒီဇင်ဘာ၁၅ရက်)အခြေအနေကို စစ်ရေးသတင်းရင်းမြစ်က အသိပေးခြင်းဖြစ်သည်။

ဗန်းမော်တွင် ဒီဇင်ဘာ ၁၄ရက် နှင့် ဒီဇင်ဘာ ၁၅ ရက်တွင် တိုက်ပွဲအနည်းငယ် ငြိမ်နေပြီး မံစီရှိ စစ်ကောင်စီ တပ်များကို ဆက်လက်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ပြောပြသည်။ ဗန်း​မော်မြို့သိမ်းတိုက်ပွဲ နှင့် အတူ မံစီရှိ လက်ကျန် တပ်စခန်းများဖြစ်သောခမရ(၃၁၉)၊အမှတ်(၆၀၁)နှင့် (၅၂၃) အမြောက်တပ်များကို KIAက ဒီဇင်ဘာ ၄ရက်ကတည်းက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဒီဇင်ဘာ ၁၄ရက် ဗန်းမော်တိုက်ပွဲ အခြေအနေကို အသိပေးထားရာ ဒီဇင်ဘာ ၁၃ရက်ညပိုင်းက ဗန်းမော်ရှိ ခလရ(၄၇) တွင်စစ်တပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး အလောင်း ၄ လောင်းနှင့် လက်နက် ၃ လက်ရရှိခဲ့သည်ဟုဆိုသည်။

ထိုအပြင် ဒီဇင်ဘာ ၁၄ ရက်တွင် ဗန်းမော်တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူ ၂၀ဦးအား ကယ်ထုတ်နိုင်သကဲ့သို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒဏ်ရာရ အမျိုးသမီးငယ်အားဆေးကုသပေးခဲ့ဟု အသိပေးသည်။

KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ နှစ်ပတ်နီးပါးအတွင်း မြို့ ဧရိယာ အများစုကို ဝင်ရောက်နေရာယူထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ တပ်စွဲရာ နေရာအများအပြားကို သိမ်းပိုက်ထားသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က အသိပေးသည်။ ထို့ပြင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အပါအဝင် စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

KIA အနေဖြင့် ဗန်းမော်တိုက်ပွဲ အရပ်သား ပြည်သူ စစ်ရှောင်ရမှု အခြေအနေများကို သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြမှု အချို့ရှိခဲ့သော်လည်း တိုက်ပွဲသတင်းများ တရားဝင်ထုတ်ပြန်အသိပေးခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။