Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ် စကခ (၅)မှစစ်သားများ ပြည်၊ ဥသျှစ်ပင်မြို့များသို့ထွက်​ပြေး

တောင်ကုတ်မြို့မှစကခ(၅)ကို AA က ဒီဇင်ဘာ ၁၄ ရက်တွင်အပြီးသတ် သိမ်းယူလိုက်ပြီး တစ်မြို့လုံးအား ထိန်းချုပ်လိုက်ပြီဖြစ်သည်။

မောင်​တောနခခ (၅)တိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ
မောင်​တောနခခ (၅)တိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်တပ်၏ နောက်ဆုံးကျန်သော အမှတ် (၅) စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်​တော်(AA)ကအပြီးသတ်ာသိမ်းယူလိုက်ပြီး​နောက် စစ်သားများမှာ ​တောလမ်းအတိုင်း ပဲခူးတိုင်းအတွင်းရှိ ပြည်မြို့ ၊ဥသျှစ်ပင်မြို့များဘက်သို့ ထွက်​ပြေး​နေကြ​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

တောင်ကုတ်မြို့မှစကခ(၅)ကို AA က ဒီဇင်ဘာ ၁၄ ရက်တွင်အပြီးသတ် သိမ်းယူလိုက်ပြီး တစ်မြို့လုံးအား ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေ နှင့် ​ဒေသချင်းထိစပ်​နေ​သောမြို့နယ်များပြအင်ဖိုဂရပ်
ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေ နှင့် ​ဒေသချင်းထိစပ်​နေ​သောမြို့နယ်များပြအင်ဖိုဂရပ်

“တောင်ကုတ်ကျသွား‌တော့ စစ်တပ်က ပြည်ဘက်တို့ ဥသျှစ်ပင်တို့ဘက်ကို တောလမ်းကနေ ထွက်ပြေးလာတယ်လို့ သိရတယ်။ ‌နောက်ပြီး ပြည်ကို ဌာနဆိုင်ရာ ဝန်ထမ်းတွေပါအများကြီးရောက်လာတယ်။ စစ်တပ်ကတော့ တမြို့လုံး ခြေရှုပ်နေတယ်”ဟုပြည်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်မှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သစ်မောင်ခိုသယ်ဆောင်သူများ၏အကူအညီကို ယူနိုင်ဖွယ်ရှိပြီး AA အနေဖြင့် သစ်မှောင်ခိုသမားများကိုပါ တင်းတင်းကျပ်ကျပ်စစ်ဆေးရန် ဧရာဝတီတိုင်း နှင့်ရခိုင်ပြည်နယ် နယ်စပ်မှ ဒေသခံအချို့က အကြံပြုသည်။

AA က ​တောင်ကုတ်မြို့တွင် ​နောက်ဆုံးကျန်​သောစကခ(၅)ကို ဒီဇင်ဘာလ ၁၄ရက် ည‌နေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းယူပိုက်ခဲ့ပြီး ထွက်ပြေးနေ​သောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေသည်ဟု အာရက္ခတပ်တော်(AA)ပြောခွင့်ရ ခိုင်သုခက ​ဒေသတွင်းသတင်းဌာနဖြစ်​သောArakan Princess Mediaကို ဒီဇင်ဘာ ၁၅ ရက်တွင်အတည်ပြု​ဖြေကြားထားသည်။

စကခ(၅)​မြေပုံ
စကခ(၅)​မြေပုံ

တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီစခန်း၁၀ ခုကို တိုက်ခိုက်သိမ်းယူပြီးအဓိကစခန်းဖြစ်သည့် စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅)လက်​အောက်ရှိ ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAက နိုဝင်ဘာ ၂၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းတိုက်ပွဲများတွင်ခမရ (၃၄၆) နှင့် ခမရ (၅၄၄)ကို AAက ထပ်မံသိမ်းယူခဲ့သည်။

စကခ(၅)ကိုAAက ဒီဇင်ဘာလဆန်းတွင် ပိတ်ဆို့ထားခဲ့ပြီး လက်နက်ချရန်ကမ်းလှမ်းခဲ့သော်လည်း ဒီဇင်ဘာလ၉ရက်နေ့အထိ လက်နက်မချ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

AA သည် ဒီဇင်ဘာလ၈ရက်နေ့ကလည်း ‌မောင်တောမြို့မှ နောက်ဆုံးလည်းကျန်စခန်းဖြစ်သည့် နခခ(၅)ကိုကိုတိုက်ခိုက်သိမ်းယူပြီး မောင်တောဒေသတခုလုံးကိုထိန်းချုပ်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် စစ်သုံ့ပန်းအများအပြားကိုဖမ်းဆီးခဲ့သည်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကိုမသိရှိရသေးပေ။ AA က မကြာခင် ကြေညာဖွယ်ရှိသည်ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မောင်​တောနခခ (၅)တိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ
မောင်​တောနခခ (၅)တိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ

လတ်တလောတွင်အမ်းမြို့ရှိ နောက်ဆုံးလက်ကျန်ဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။တချိန်တည်းတွင် ဂွမြို့နယ်တွင် ဂွမြို့​ပေါ်ရှိ စစ်တပ်စခန်းများကို AA ကစတင်ထိုးစစ်ဆင်တိုက်ခိုက်​နေပြီဖြစ်သည်။

ထို​ကြောင့် AA သည် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၂ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ အမ်းနှင့် ဂွမြို့နယ်တို့ကိုသိမ်းပိုက်ပြီးပါက ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကိုအလုံးစုံသိမ်းပိုက်ပြီးဖြစ်မည်ဖြစ်သည်။ AA ထိုးစစ်ဆင်သိမ်းပိုက်ရန် ရခိုင်ပြည်နယ်တွင်စစ်​တွေ၊ကျောက်ဖြူ ၊မာန်​အောင်မြို့နယ်တို့သာကျန်ရှိ​​​တော့သည်။

(ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေ နှင့် ​ဒေသချင်းထိစပ်​နေ​သောမြို့နယ်များပြအင်ဖိုဂရပ်/ စကခ(၅)​မြေပုံ/ ​မောင်​တောနခခ (၅)တိုက်ပွဲမှ AAတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ဥသျှစ်ပင်မြို့ရှိ စစ်​ကောင်စီဝန်ထမ်းများမှာ AA က အမ်းမြို့ကိုရလုနီးအချိန်တွင် ပြည်မြို့ဘက်သို့ ကြိုတင် တိမ်း​ရှောင်သွားကြ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။

သတင်း

AA အနေဖြင့် ရက္ခိုင်ရှိ လက်ကျန်မြို့များအနက် တောင်ကုတ်၊ မောင်တော်၊ အမ်းတို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့ကိုလည်းရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဟု ထုတ်ပြန်ထားသည်။

သတင်း

လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Facebook