Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်ရှိ တပ်စခန်းများဆုတ်ခွာပေးခြင်းမရှိဟု ဝတပ် ပြော

ဖယ်ရှားခိုင်းသည့် ကိစ္စသည် UWSAနှင့် မပြီးဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စ ဖြစ်ကြောင်း ဦးညီရန်းက ယခင်ပြောကြားထားသည်။

(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)
(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)

ဟန်နွေ/People’s Spring

ထိုင်း-မြန်မာနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်စွဲထားသည့် တပ်စခန်းများကို ဆုတ်ခွာပေးခြင်းမရှိကြောင်း UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ၀တပ်ဖွဲ့၏ တပ်စခန်း ၉ခုကို ဒီဇင်ဘာအတွင်း နောက်ဆုံးထား ဖယ်ရှားပေးရန် ထိုင်းဘက်က တောင်းဆိုမှုရှိထားသည့် အခြေအနေတွင် UWSAက တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြောင်း သတင်းဖော်ပြမှုများ ရှိနေမှုအပေါ် ဦးညီရန်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)
(ထိုင်းစစ်တပ်မှဆုတ်ခွာခိုင်း​​သော ဝစခန်းတပ်စွဲရာ​နေရာများ)

ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်အပေါ် မြန်မာသတင်းဌာနအချို့က ယမန်နေ့တွင် ရေးသားဖော်ပြမှု ရှိခဲ့ရာ UWSA က တပ်စခန်းများ ဆုတ်ခွာပေးရန် သဘောတူခဲ့ပြီး ဆုတ်ခွာရန် အချိန် ၃လမှ ၄လအထိ ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး ထိုင်းနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ဦးညီရန်းက ပြောသည်။

Public Service Announcement

Public Service Announcement

“တွေ့ဆုံမှု(ထိုင်းနှင့် UWSA တွေ့ဆုံမှု)မျိုး မရှိကြသလို ဆုတ်ခွာပေးမယ်ဆိုတာတွေလည်း မရှိပါ” ဟု ဦးညီရန်းက နယ်စပ်ရှိ တပ်စခန်းများ အရေးနှင့်ပတ်သက်ပြီး People’s Spring ၏ မေးမြန်းချက်အပေါ် ဒီဇင်ဘာ ၁၅ရက်တွင် ဖြေကြားထားသည်။

ထိုင်းဘက်က ဖယ်ရှားခိုင်းသည် တပ်စခန်းများသည် ၀တောင်ပိုင်း ၁၇၁ စစ်ဒေသ ဧရိယာ၌ တည်ရှိသည်။

ထိုသို့ ဖယ်ရှားခိုင်းသည့် ကိစ္စသည် UWSAနှင့် မပြီးဘဲ နိုင်ငံအချင်းချင်း ဆွေးနွေးရမည့် ကိစ္စ ဖြစ်ကြောင်း ဦးညီရန်းက ယခင်ပြောကြားထားသည်။

UWSA ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း တည်ရှိသည်။ နယ်စပ်ရှိ တပ်စခန်းများ ဖယ်ရှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှု၊ စစ်ရေး ပြင်ဆင်မှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း UWSAနှင့် ထိုင်း အစိုးရ နှစ်ဖက်လုံးက စစ်ရေးတင်းမာခြင်းမရှိ စစ်ရေး ပြင်ဆင်ခြင်းမရှိဟု ဖြေရှင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့နယ် ယုံပန်းရွာက စက်ရုံပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးကာ ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ၀တပ်ဖွဲ့ကကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုတွေကို ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်သစ် ရဲဝင်းဦးကို ၀လက်နက်ကိုင်တပ် UWSAက ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ၀ဒေသသတင်းတွေ ဖော်ပြနေတဲ့ Wa News Landက မတ် ၃၀ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။