Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်ဖြစ်နေ

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

(စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကို ခုခံနေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကို ခုခံနေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ထိုးစစ်ဆင်နေသည်မှာ တစ်လကျော်ရှိလာပြီး နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

“မိုးဗြဲအခြေအနေကတော့ စကစဘက်က စစ်ကြောင်းထိုးနေလို့ ရက်တိုင်းနီးပါးတိုက်ပွဲရှိတယ်။ခမရ (၄၂၂)နဲ့ ခမရ(၃၃၆)ကနေ လက်နက်ကြီးပစ်ကူ အနေနဲ့ နေ့စဥ်ပေးနေသလို ဒရုန်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတာလည်းရှိတယ်” ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲနှင့် လွိုင်ကော်မြို့ လမ်းပိုင်းထိန်းချုပ်ရန်နှင့် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားသည့် စခန်းများပြန်လည်ရရှိရန် စစ်ကောင်စီ၏ ထိုးစစ်တွင် ပအိုဝ်းပြည်သူ့စစ် PNO အပါအဝင် တပ်အင်အား ၅၀၀ နီးပါးအသုံးပြုထားကြောင်းလည်း အသိပေးသည်။

“ရန်သူ့ဖက်က လက်နက်အင်အား သာလွန်နေတာမို့ ဆက်ပြီးခုခံနိုင်ဖို့ ကျနော်တို့ကို “ကျည်”ဘဲပေးပါ”ဟု KNDF နှင့် မိုးဗြဲ PDFတို့က ​ဦးစီးသည့် စုပေါင်းကူညီထောက်ပို့ကျည်ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၇ရက်နှင့် ၈ရက်က မိုးဗြဲမြို့ကို စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီဇင်ဘာ ၁၃ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေးအတွက် ယခုနှစ်နှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော်လမ်းပိုင်းများမှ မြေပြင်စစ် အင်အား ၃,၀၀၀ခန့် ဖြည့်ဆည်းထားသည်။

နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲ နှင့်လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးစားသည့် စစ်ကောင်စီ ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀) တပ်ရင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၆ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်သားငါးဦး ဖမ်းမိခဲ့ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။