Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်ဖြစ်နေ

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

(စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကို ခုခံနေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်၏ ထိုးစစ်ကို ခုခံနေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်ထိုးစစ်ဆင်နေသည်မှာ တစ်လကျော်ရှိလာပြီး နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မိုးဗြဲမြို့အခြေစိုက်ခြေမြန်တပ်ရင်း အမှတ်(၄၂၂) တပ်စခန်းအနီးတိုက်ပွဲများမှာ နိုဝင်ဘာတစ်လလုံးနှင့် ယခုဒီဇင်ဘာအထိရှိနေသည်ဟု ဆိုသည်။

“မိုးဗြဲအခြေအနေကတော့ စကစဘက်က စစ်ကြောင်းထိုးနေလို့ ရက်တိုင်းနီးပါးတိုက်ပွဲရှိတယ်။ခမရ (၄၂၂)နဲ့ ခမရ(၃၃၆)ကနေ လက်နက်ကြီးပစ်ကူ အနေနဲ့ နေ့စဥ်ပေးနေသလို ဒရုန်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတာလည်းရှိတယ်” ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲနှင့် လွိုင်ကော်မြို့ လမ်းပိုင်းထိန်းချုပ်ရန်နှင့် ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားသည့် စခန်းများပြန်လည်ရရှိရန် စစ်ကောင်စီ၏ ထိုးစစ်တွင် ပအိုဝ်းပြည်သူ့စစ် PNO အပါအဝင် တပ်အင်အား ၅၀၀ နီးပါးအသုံးပြုထားကြောင်းလည်း အသိပေးသည်။

“ရန်သူ့ဖက်က လက်နက်အင်အား သာလွန်နေတာမို့ ဆက်ပြီးခုခံနိုင်ဖို့ ကျနော်တို့ကို “ကျည်”ဘဲပေးပါ”ဟု KNDF နှင့် မိုးဗြဲ PDFတို့က ​ဦးစီးသည့် စုပေါင်းကူညီထောက်ပို့ကျည်ကမ်ပိန်းတာဝန်ရှိသူက ပြောသည်။

ဒီဇင်ဘာ ၇ရက်နှင့် ၈ရက်က မိုးဗြဲမြို့ကို စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီဇင်ဘာ ၁၃ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေးအတွက် ယခုနှစ်နှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော်လမ်းပိုင်းများမှ မြေပြင်စစ် အင်အား ၃,၀၀၀ခန့် ဖြည့်ဆည်းထားသည်။

နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲ နှင့်လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးစားသည့် စစ်ကောင်စီ ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀) တပ်ရင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၆ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်သားငါးဦး ဖမ်းမိခဲ့ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ဗန်းမော်မြို့တိုက်ပွဲ၌ အလွန်အထိနာနေသည့် စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ယနေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဘက်မှဝါဒဖြန့်မှုသည် သတင်းမမှန်ဘဲ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာအချုပ်ထဲရောက်ပြီး သုံး လအကြာမှာ ပြန်လွတ်တော့မယ်ဆိုတော့ ကိုမန်အောင်တစ်ယောက် အတွေးနဲ့တင် ပျော်နေမိပြီ။