Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံမှာ ဟိုတယ်ဘိုကင်ပြည့်

ညောင်ဦးမြို့အနီး ဗျတ္တပန်းဆက်လမ်းဘေးက ကျေးရွာတွေကိုလည်း ညဘက်တွေမှာ ဝင်ရောက်စီးနင်းပြီးပေါ်တာဆွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ပုဂံဒေသတွေကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − မင်းမင်းဦး)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ပုဂံဒေသတွေကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − မင်းမင်းဦး)

မေ/People’s Spring

နေအိမ်ထဲအထိ ပေါ်တာဝင်ဆွဲတာတွေဖြစ်နေတဲ့ ပုဂံမြို့မှာ ၂၀၂၄ နှစ်သစ်ကူးရုံးပိတ်ရက်အတွက် ဟိုတယ်အားလုံး ဘိုကင်ပြည့်နေပြီလို့ ခရီးသွားလာကြမယ့်သူတွေက ပြောပါတယ်။

မန္တလေးမြို့ကနေ သွားရောက်လည်ပတ်ဖို့ပြင်ဆင်နေသူတစ်ဦးက “အခန်းရှာနေတာမရတော့ဘူး။ဘုန်းကြီးကျောင်းတွေတော့ လိုက်ချိတ်နေတာ။ရရင်တော့ ဒီနှစ် နှစ်ကူးကပုဂံပေါ့”လို့ပြောပါတယ်။

ပုဂံမြို့ကိုဒီဇင်ဘာလ၁၁ရက်နေ့ မနက်၃နာရီမှာ နေအိမ်ထဲအထိဝင်ပြီး လူစာရင်းစစ်ကာ လူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ကဆို သတင်းရရင် အကုန်ရှောင်တိမ်းအိပ်ကြတာ။ပြီးတော့ရွာတွေဘက်ဆွဲတာများတယ်။ဒီတခေါက်ကိုမြို့ပေါ်က အိမ်တွေလိုက်ဆွဲတာ။တော်တော်ပါသွားတယ်”လို့ ပုဂံဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့အနီး ဗျတ္တပန်းဆက်လမ်းဘေးက ကျေးရွာတွေကိုလည်း ညဘက်တွေမှာ ဝင်ရောက်စီးနင်းပြီးပေါ်တာဆွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာဝင်စီးလို့ ကျွန်တော်တို့ ၃ရက်လောက်တောထဲ သွားအိပ်ရသေးတယ်။ရွာထိပ်စစ်ကားရောက်မှသိတာ။နေ့ခင်းကြီးဝင်စီးတာ”လို့ ​ညောင်ဦးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီရွာမှာတော့ အမျိုးသားတွေအားလုံးထွက်ပြေးကြတာမို့ ဖမ်းဆီးခံခဲ့ရသူမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီးတင်းကျွတ်ပွဲတော်ကာလရုံးပိတ်ရက်များအတွင်းမှာ ပုဂံမြို့ကိုလာရောက်လည်ပတ်သူတွေကို ညောင်ဦးခရိုင်-ပကဖ(ပုဂံပြည်ဘီလူးတပ်)က သတိပေးမှုပြုလုပ်ခဲ့ပါသေးတယ်။

ပုဂံမြို့ကို အပျော်ခရီးထွက်လာမယ့်ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဥ်တန်းတွေနဲ့ အဝေးဆုံးနေပေးကြဖို့နဲ့ ဒလန်တွေပိုင်ဆိုင်တဲ့ စားသောက်ဆိုင်တွေမှာ စားသောက်တာတွေ မလုပ်ကြဖို့ သတိပေးပေးခဲ့ပါတယ်။

ရှေးဟောင်းပုဂံမြို့ တဘက်ကမ်း ပခုက္ကူမြို့နယ်၊ မြစ်ခြေ​မြို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။ ဒါ့အပြင် အခုလပိုင်းတွေအတွင်းမှာ ပုဂံ၊ညောင်ဦးမြို့က စစ်ကောင်စီခန့် အုပ်ကြီးတွေနဲ့ သတင်းပေးပျူစောထီးတွေကို ပစ်ခတ်ရှင်းလင်းတာတွေလည်း ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်က မန္တလေးတိုင်းအတွင်း ၎င်းတို့စိုးမိုးထားတဲ့မြို့နယ်တွေကို​ စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲတာ​တွေပြုလုပ်နေပြီး မန္တလေးမြို့မှာ လူငယ်၁၂၀ကျော်ပေါ်တာဆွဲခံထားရတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။